ဖေဖော်ဝါရီ ၁၄ ရက်က မြစ်ကြီးနား မန်ခိန်ဘူးဂါးမလိဒဘတ် ဓာတ်အားရုံ လူစုလူဝေး ဖြိုခွင်းမှုတွင် တပ်မတော်က ဖမ်းဆီးသွားသည့် သတင်းသမား ငါးဦးကို ခံဝန်ဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့သည်။
The 74 Media မှ အယ်ဒီတာချုပ် ကိုထွယ်အောင်နှင့် ကိုနော်ဆိုင်း၊ Mizzima သတင်းဌာနမှ ကိုဆိုင်းလတ်အောင်၊ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက်အဖွဲ့မှ အယ်ဒီတာချုပ် ကိုရန်ကောင်းနှင့် ကိုဝေယံတို့ကို ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီကျော်က တပ်မတော်က ဖမ်းဆီးသွားရာတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
“ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း သတင်းထွက်ယူတာဟာ ဥပဒေချိုးဖောက်ရာရောက်ကြောင်း တစ်စောင်နဲ့ Live ထုတ်လွှင့်ချိန်မှာ ထုတ်လွှင့်တဲ့ သတင်းတွေဟာ သတင်းအမှားဖြစ်တယ်။ ပြီးရင် ကေအိုင်အေကို ဖိတ်ခေါ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေ ပြောဆိုတယ်ဆိုတဲ့ ခံဝန်တစ်စောင် ထိုးခိုင်းတယ်။ ကျွန်တော်ကတော့ တရားဝင်သတင်းမီဒီယာ ဖြစ်တဲ့အတွက် သတင်းအမှား မလွှင့်ကြောင်း၊ ကေအိုင်အေကို ဖိတ်ခေါ်တဲ့ အသုံးအနှုန်း မသုံးကြောင်း ပြောဆိုထောက်ပြတယ်။ အဲဒါတွေ ပယ်ဖျက်ပေးပေမဲ့ ခံဝန်တော့ ထိုးခဲ့ရတယ်”ဟု The 74 Media မှ ကိုထွယ်အောင် က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၄ ရက် ညက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် မလိဒဘတ် လျှပ်စစ်ဓာတ်အားခွဲရုံတွင် စစ်သားများ နေထိုင်မှုနှင့် ပတ်သက်၍ အရပ်သားများက ထွက်ခွာပေးရန် တောင်းဆိုရာ သက်ဆိုင်ရာက လူစုခွဲနှိမ်နင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရ (တစ်ဦးခြေကျိုး) ပြီး အရပ်သားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
