တောင်ကြီးမြို့ မြို့မရပ်ကွက်တွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး စျေးဆိုင်ခန်းအတွင်း ပြေးဝင်လာသူကို ဖမ်းမိ
24htopnews | November 20, 2024 2:12 PM CST
တောင်ကြီးမြို့ မြို့မရပ်ကွက်တွင် အမျိုးသားတစ်ဦးက မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး စျေးဆိုင်ခန်းအတွင်း ပြေးဝင်လာသူတစ်ဦးအား ရပ်ကွက်လူထုက ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီခန့်တွင် တောင်ကြီးမြို့ မြို့မရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလမ်း၌ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့၍ တောင်ပေါ်သား ကားဂိတ်ရှိ စျေးဆိုင်ခန်း အဆောက်အအုံအတွင်း ပြေးဝင်လာသဖြင့် ရပ်ကွက်နေလူထုများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းခံထားရသော အမျိုးသားကို ရပ်ကွက်ရှိလူထုက ဝိုင်းဝန်းဖမ်းဆီးကာ တောင်ကြီးမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
