CDM လှုပ်ရှားမှုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည့် လုပ်ငန်းတာဝန်များကို မထမ်းဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများအား လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများကို ရွေးကောက်ပွဲ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း၊ အရေးပေါ်ကာလ ပြီးဆုံးသွားပါက စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ်ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှုရှိမှ တစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် COVID-19 ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည် တည့်မတ်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအား COVID-19 ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကို ရပ်ဆိုင်းထား၍ မရကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ၏ CDM လှုပ်ရှားမှုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထု ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရမည့် လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူများအနေဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေး အကုန်အကျများစွာဖြင့် ကုသမှု ခံယူရသောကြောင့် ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုများ ရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူ့အသက်သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးနှင့် စပ်လျဉ်းပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့် ပြုထားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးပုံမှန် လည်ပတ်နိုင်ရန် အဓိက အရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုကာလတွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည်လည်း ခက်ခဲပင်ပန်းစွာဖြင့် ဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ဖြင့်သာ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆူပူမှုများကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်မှုအပေါ် ယခင်က ပြစ်တင်ဝေဖန်မှုများ ရှိသော်လည်း ယခုအခါ အနောက်နိုင်ငံများမှအပ အခြားနိုင်ငံများက မိမိတို့၏ ဆောင်ရွက်မှုသည် ပြည်တွင်းရေးကိစ္စ ဖြစ်သဖြင့် ဒီမိုကရေစီ နည်းလမ်းအရသာ ဖြေရှင်းရန် တိုက်တွန်းပြောကြားနေကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်း မသမာမှုများအား စိစစ်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်သူလူထု သိရှိနိုင်ရေး ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည် ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
