Top News

မန္တလေးမြို့တွင် ဆန္ဒပြခဲ့သည့် ရှေ့နေ ၄၀ ခန့်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် ဦးတိုက်လျှောက်ထား
24htopnews | November 20, 2024 2:12 PM CST

မန္တလေးမြို့တွင် ဆန္ဒပြခဲ့သည့် ရှေ့နေ ၄၀ ခန့်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် ဦးတိုက်လျှောက်ထားခံရကြောင်း ရှေ့နေအသိုင်းဝိုင်းမှ စုံစမ်းသိရှိရသည်။

တပ်မတော်အာဏာရယူမှုနှင့် ပတ်သက်သည့် ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြမှုများပြုလုပ်ရာတွင် ပါဝင်ခဲ့သော ရှေ‌့နေ ၄၀ ခန့်အား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် မ ၅၀၅ (ခ) ဖြင့် တရားရုံးဦးတိုက်လျှောက်ထားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရှေ့နေ ၄၀ ကို ပုဒ်မ ၅၀၅ (ခ)နဲ့ ဦးတိုက် လျှောက်ထားပြီး အရေးယူဖို့လုပ်ထားတယ်လို့ ကြားတယ်။ ကျွန်တော်တို့လည်း ပါလားမပါလားတော့ မသိဘူး” ဟု မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။

ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ရှေ့နေများကို အခြားမြို့နယ်တရားရုံးများတွင်လည်း  ပုဒ်မ ၅၀၅ (ခ)၊ ၁၄၄ ထုတ်ပြန်ချက်ကို မလိုက်နာသည့်ပုဒ်မ ၁၈၈ တို့ဖြင့်လည်း တရားစွဲဆိုထားသည်ဟု တရားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။


READ NEXT
Cancel OK