မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက် အထပ်မြင့်တိုက် လှေကားခွင်တွင် ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒဏ်ရာများဖြင့် သတ်ခဲ့သူအား နေ့တွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း မေ ၂၆ ရက် ညပိုင်းက သိရသည်။
သေဆုံးသွားသူ မိန်းကလေးမှာ ကျူးလွန်သူနှင့် သမီးရည်စားဖြစ်ပြီး သေဆုံးချိန်တွင် ကိုယ်ဝန်ငါးလ လွယ်ထားရသူဖြစ်ကြောင်း ကနေဦး စုံစမ်းသိရှိရသည်။
“လူငယ်ချင်း သမီးရည်စား ဖြစ်ပါတယ်။ ကောင်မလေးက ကိုယ်ဝန်ငါးလရှိတယ်။ သူတို့အချင်းချင်း စကားများကြတယ်လို့ သိရတယ်။ စကားများကြရာကနေ ဝက်အူလှည့်နဲ့ ထိုးသတ်လိုက်တယ်။ CCTV ကနေ ကြည့်လိုက်တဲ့အခါ စုံစမ်းသိရှိခဲ့ရပါတယ်။ ကောင်မလေးနေတဲ့ ကျေးရွာကို သွားစုံစမ်းရာကနေ ကျူးလွန်သူကို စုံစမ်းရမိပြီး ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကျူးလွန်သူမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သပြေကုန်းရပ်ကွက်၊ ၁၂၈ လမ်းတွင် နေထိုင်သူ ထက်မင်းအောင်(ခ)နိုင်လင်းကျော် (၁၈) နှစ် ဆိုသူဖြစ်ပြီး သေဆုံးသူမှာ လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာနေ အသက် (၂၀) ခန့်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “တိုက်လှေကား ထိပ်ဆုံးနားလောက်မှာ မိန်းကလေးတစ်ယောက် ဒဏ်ရာတွေနဲ့ သွေးတွေထွက်Nပီး လဲနေတယ်ဆိုတာ သတင်းရပါတယ်။ သတင်းရတော့ သက်ဆိုင်ရာနဲ့ ရဲတပ်ဖွဲ့တွေ၊ တာဝန်ရှိသူတွေ သွားစစ်ဆေးတဲ့ အခါမှာ အဲ့မိန်းကလေးက သေနေပြီ။ မိန်းကလေးရဲ့ အနားမှာ အာထရာဆောင်း ရိုက်ထားတဲ့ ဆေးမှတ်တမ်းတွေ့တယ်။ ဆေးမှတ်တမ်းမှာ မိန်းကလေးက ကိုယ်ဝန်ရှိနေတယ်။ ယောကျ်ားလေးလို့ ပြောတယ်” ဟို ပြောကြားသည်။
သေဆုံးသူ မိန်းကလေးအား အဆိုပါမြို့နယ် ကန်တော်လေးရပ်ကွက် ၉၄ လမ်းရှိ အထပ်မြင့်တိုက် တစ်တိုက်၏ လှေကားခါးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် မေ ၂၆ ရက် နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ပြီး ယင်းတွင် လည်ပင်း၌ ဒဏ်ရာ ၁၄ ချက်ခန့်နှင့် ရင်ဖက်ပိုင်း၌ ဒဏ်ရာ ၅ ချက်ခန့်၊ လက်မောင်းတို့တွင်လည်း ဒဏ်ရာများ ရရှိလျက် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် ကျူးလွန်သူကို အခင်းဖြစ်လမ်းနှင့် ရပ်ကွက်အတွင်းရှိ CCTV တို့မှ တဆင့် စုံစမ်းဖော်ထုတ်ကာ ကျူးလွန်သူကို အခင်းဖြစ်ည ၈ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
