နာမည်ကျော်ဘရာဇီးလ်ဘောလုံးသမား နေမာ၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားသည် ဆော်ဒီပရိုလိဂ်တွင် ကစားရသည်ကို မပျော်မရွှင် ဖြစ်နေသဖြင့် အသင်းပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေသည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။
နေမာသည် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ လက်ရှိအမှတ်ပေးချန်ပီယံ အယ်လ်ဟီလာအသင်းထံ ရွှေ့ပြောင်းခဲ့ပြီးနောက်ပိုင်းတွင် ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရပြီး မကြာသေးမီကမှ ပြန်လည်ကစားနိုင်ခဲ့သူဖြစ်သည်။
၎င်းသည် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ထိပ်တန်းလစာငွေ ရရှိနေသော်လည်း အသင်းတွင် မပျော်မရွှင်ဖြစ်နေသည့်အတွက် ငယ်ဘဝ မိခင်ကလပ် ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့လိုနေသည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။
ယင်းသတင်းများနှင့်ပတ်သတ်ပြီး ၎င်း၏အေးဂျင့်ဖြစ်သူက "အယ်လ်ဟီလာကနေ နေမာ ထွက်ခွာဖို့ စီစဉ်နေပြီဆိုတဲ့ သတင်းတွေက အခြေအမြစ်မရှိပါဘူး။ အခုအချိန်မှာ နေမာက ဒီအသင်းမှာပဲ ပျော်ရွှင်နေပြီး အသင်းက ထွက်ခွာဖို့ အစီအစဉ်လည်း မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
