ဘရာဇီးလ်နာမည်ကြီးတိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုသည် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ရော်နယ်လ်ဒိုသည် ဥက္ကဋ္ဌအဖြစ်ရွေးကောက်ခံရလျှင် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်သွားရန် ရည်ရွယ်ထားကြောင်း သတင်းအချို့က ဖော်ပြခဲ့သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် မတ်လတွင် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌဖြစ်သူ ရိုဒရီဂတ်စ်မှာ ၂၀၂၆ ခုနှစ် မတ်လတွင်မှ ရာထူးသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ရော်နယ်လ်ဒိုက ဂွါဒီယိုလာကို ခေါ်ယူပေးမည်ဟု မက်လုံးပေးပြီး မဲဆွယ်ထားကြောင်းလည်း သတင်းထွက်နေသည်။
ဂွါဒီယိုလာ သည် ယခင်ကတည်းက တစ်ချိန်ချိန်တွင် ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးခံခဲ့ရသူဖြစ်သည်ဟု သတင်းထွက်ခဲ့ဖူးသော်လည်း မကြာသေးမီက ဥက္ကဋ္ဌ ရိုဒရီဂတ်စ်က ယင်းသတင်းများကို ငြင်းဆန်ခဲ့သည်။ ဂွါဒီယိုလာအနေဖြင့် မန်စီးတီးနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖွယ် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
