အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ အာဖရိကအကောင်းဆုံးဘောလုံးသမားဆုပေးပွဲ အခမ်းအနားကို လာမည့် ဒီဇင်ဘာလ ၁၆ ရက်တွင် မော်ရိုကိုနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ငါးဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ဟာကီမီ(PSG၊ မော်ရိုကို)၊ အာဒင်ဂရာ(ဘရိုက်တန်၊ အိုင်ဗရီကို့စ်)၊ ဂီဟာဆီ(ဒေါ့မွန်၊ ဂီနီ)၊ လွတ်ခ်မန်း(အတ္တလန်တာ၊ နိုင်ဂျီးရီးယား)၊ ဝီလီယံစ်(ဆန်ဒေါင်းစ်၊ တောင်အာဖရိက)တို့ ရွေးချယ်ခံခဲ့ရသည်။
CAF သည် အကောင်းဆုံးဘောလုံးသမားဆုအတွက်သာမက အကောင်းဆုံးလူငယ်ဘောလုံးသမားဆု၊ ဒေသတွင်းအကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး လက်ရွေးစင်အသင်းဆုများအတွက်လည်း ဆန်ခါတင်စာရင်းများ ထုတ်ပြန်ခဲ့ကြသည်။
ယခု ဆန်ခါတင်စာရင်းဝင်ခဲ့သူ ငါးဦးမှာမူ အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ယခင်က တစ်ကြိမ်မျှ ရရှိဖူးခြင်းမရှိသည့် သူများဖြစ်ပြီး ဟာကီမီမှာမူ ယမန်နှစ်ဆုပေးပွဲအခမ်းအနားတွင် အိုဆင်မန်၏နောက် ဒုတိယနေရာ ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
