ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လက်တင်အမေရိက၏ ဂျီဒီပီသည် ယခုနှစ်အတွင်း ၁.၈ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု မျှော်လင့်ရပြီး စီးပွားရေးကျဆင်းမှု အလွန်အမင်းပြင်းထန်မည်ဟု ကုလသမဂ္ဂ၏ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသဆိုင်ရာ မဟာမင်းကြီး (CEPAL) အကြီးအကဲ အလီစီယာဘာစီနာက ဧပြီ ၃ တွင် ပြောကြားခဲ့သည်။
မိမိတို့သည် နက်ရှိုင်းသော စီးပွားရေးကျဆင်းမှု၏ အစပျိုးသည့်အနေအထားတွင် ရှိနေပြီး ထိုဒေသ၌ ကြုံဖူးသမျှတွင် စီးပွားရေးတိုးတက်မှုနှုန်း အကြီးမားဆုံး ကျဆင်းမှုကို ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်တင်အမေရိကသည် စီးပွားရေးအရ ရုန်းကန်နေရပြီးဖြစ်ပြီ ၂၀၁၉ ခုနှစ်တွင် ဒေသတွင်း စီးပွားရေးတိုးတက်မှုသည် အားရစရာမရှိဘဲ ၀.၁ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း သိရသည်။ ဗိုင်းရပ်စ်အကျပ်အတည်း အရှိန်မြင့်တက်လာနေစဉ် ကမ္ဘာ၏အခြားဒေသများကဲ့သို့ပင် လက်တင်အမေရိကဒေသ၏ အဓိကစတော့စျေးကွက်များသည်လည်း အလွန်အမင်း ဆုံးရှုံးမှုကို ကြုံခဲ့ရကြောင်းနှင့် ဒေသတွင်းသုံး ငွေကြေးအများအပြားသည် အမေရိကန်ဒေါ်လာနှင့် ဖလှယ်မှုတွင် တန်ဖိုးအလွန်အမင်း ကျဆင်းခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ဟန့်တားရန်အတွက် lockdown လုပ်မှုများကြောင့် ကုန်ထုတ်လုပ်ငန်းများ ကျဆင်းခဲ့မှု၊ ကုန်ကြမ်းများ၏တန်ဖိုးများ ကျဆင်းမှုနှင့် ခရီးသွားလုပ်ငန်းကို ထိုးနှက်မှုများက စိတ်ပျက်စရာ ကောင်းသော မျှော်မှန်းချက်ကို ထောက်ပ့ံသလို ဖြစ်စေခဲ့သည်။
ကပ်ရောဂါအား တုံ့ပြန်ကိုင်တွယ်မှုတွင် လျော့ရဲမှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသော မက္ကဆီကိုသမ္မတ အင်ဒရေးမန် နျူရယ်လိုပက်ဇ် အိုဘရာဒေါက စီးပွားရေး ကျဆင်းမည်ဆိုသော ခန့်မှန်းချက်များကို မေးခွန်းထုတ်ခဲ့ပြီး မက္ကဆီကိုဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုကိုပင် လက်မခံခဲ့ပေ။
၂၀၂၀ ပြည့်နှစ်တွင် မက္ကဆီကိုစီးပွားရေး တိုးတက်မှုသည် ၁.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအကြားရှိမည်ဟု ခန့်မှန်းထားမှုကို ၀.၁ ရာခိုင်နှုန်းမှ ၃.၉ ရာခိုင်နှုန်းအကြား ရှိမည်ဟု လျှော့ချခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ကပ်ရောဂါကြောင့် စီးပွားရေးအရရော နိုင်ငံရေးအရပါ ပုံမှန်မဟုတ်သောအခြေအနေတွင် ခန့်မှန်းမှုများ ပြုလုပ်ခြင်းသည် အဓိပ္ပါယ်မရှိကြောင်း လိုပက်ဇ်အိုဘရာဒေါက ပြောကြားခဲ့သည်။
ပီရူးတွင် စီးပွားရေးလုပ်ငန်း ၃၅၀၀၀၀ အား ၎င်းတို့၏ဝန်ထမ်းများကို ပေးချေနိုင်ရန်နှင့် ထောက်ပံ့ပေးနိုင်ရန် ဒေါ်လာ ၈.၅ ဘီလျံတန်ဖိုးရှိ ဘဏ်ချေးငွေများ ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။
ဗင်နီဇွဲလားအစိုးရကလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအပြင် အမေရိကန်၏ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကြောင့် လောင်စာပြတ်လတ်မှု မရှိစေရန် အထူးအစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown လုပ်စဉ်အတွင်း နီကာရာဂွါတွင် ပိတ်မိနေခဲ့သော ပြင်သစ်အများစုပါဝင်သည့် ဥရောပခရီးသွား ၁၆၀ ခန့်အား ပြန်ခေါ်နိုင်ရန် ဥရောပသမဂ္ဂ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်က စင်းလုံးငှားလေယာဉ်တစ်စင်းဖြင့် ပြန်ခေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
