တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၆၀၀၀ နီးပါးအထိ မြင့်တက်လာစဉ် အိန္ဒိယ၏မြို့အချို့၌ သွားလာလှုပ်ရှားမှုများအား အာဏာပိုင်များက တင်းကျပ်ထားလျှင်ပင် ကပ်ရောဂါအား ထိန်းချုပ်နိုင်ရန်အတွက် lockdown လုပ်မှုကို သက်တမ်းတိုးဖွယ်ရှိကြောင်း တာဝန်ရှိသူများက သတိပေးခဲ့သည်။
လူများက စည်းမျဉ်းများအား အလေးအနက် မလိုက်နာလျှင်၊ ကူးစက်မှုများက ဆက်လက်မြင့်တက်လာလျှင် lockdown လုပ်မှုအား သက်တမ်းတိုးရန်မှလွဲ၍ အခြားရွေးချယ်စရာ ရှိဖွယ်မရှိကြောင်း မဟာရက်ရှ်ထရာပြည်နယ်၏ ကျန်းမာရေးဝန်ကြီး Rajesh Tope က ပြောကြားခဲ့သည်။ မွမ်ဘိုင်းနှင့် မဟာရက်ရှ်ထရာ၏ မြို့ပြဒေသများတွင် lockdown လုပ်မှုအား နှစ်ပတ်ကြာ သက်တမ်းတိုးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယသည် သုံးပတ်ကြာမြင့်မည့် lockdown လုပ်မှုကို သက်တမ်းပြီးဆုံးလျှင် ထပ်မံသက်တမ်းတိုးမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၉၀၂ ဦးနှင့် သေဆုံးသူ ၆၈ ဦးဖြင့် တောင်အာရှတွင် အထိနာဆုံးနိုင်ငံဖြစ်သည်။
ဧပြီ ၁၄ တွင် သက်တမ်းကုန်မည့် lockdown လုပ်မှုအား ပြန်လည်သုံးသပ်ရန် အစိုးရက စီစဉ်နေစဉ် ယင်းသည် ပြည်နယ်တိုင်း၏ အခြေအနေများအား ချင့်တွက်မှုကို မူတည်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားနေသည့် ခရိုင်များတွင် lockdown လုပ်မှုနှင့် ကန့်သတ်မှုများ တိုးချဲ့ဖွယ်ရှိကြောင်း အစိုးရထိပ်တန်းတာဝန်ရှိသူသုံးဦးက ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဘန်ဂါလူရူနှင့် ဒေလီတို့ကဲ့သို့ လူနေထူထပ်သောဒေသများတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို lockdown သက်တမ်းပြီးဆုံးပြီး ရက်ပိုင်းအတွင်း အဆင့်လိုက်သာ ပြန်လည်ပြေးဆွဲဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်အာရှတွင် COVID-19 ဖြစ်ပွားမှုသည် ပြီးခဲ့သောသီတင်းပတ်၌ နှစ်ဆကျော် မြင့်တက်ခဲ့သည်။ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ငါးပုံတစ်ပုံရှိသော တောင်အာရှဒေသတွင် ထိုကပ်ရောဂါကြောင့် အားနည်းနေပြီဖြစ်သည့် အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ဖိစီးစေနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
သို့သော် မွတ်စလင်အများစုနေထိုင်သော ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘာတွင် မွတ်စလင်လူနည်းစု အများဆုံးနေထိုင်သောနိုင်ငံ အိန္ဒိယတို့တွင် ကွန်ဆာဗေးတစ် ဘာသာရေးအဖွဲ့များအား social distancing လိုက်နာရန်အတွက် စည်းရုံးရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည်။
ပါကစ္စတန်တွင် ဧပြီ ၃ ၌ ကရာချိမြို့၏ ဗလီတစ်ခုတွင် သောကြာဝတ်ပြုမှုအား ဟန့်တားသည့် နံပါတ်တုတ်ကိုင် ရဲများနှင့် မွတ်စလင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ ဘဏ္ဍာရေးဗဟိုချက် ကရာချိမြို့တည်ရှိသော နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်အစိုးရက မွတ်စလင်များအား နေအိမ်တွင်သာ ဝတ်ပြုကြရန်အတွက် သောကြာဝတ်ပြုမှုအား ဟန့်တားသည့် သုံးနာရီကြာ ကာဖျူးကို ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၅၄၇ ဦးနှင့် ၃၇ ဦး သေဆုံးခဲ့ပြီး အိန္ဒိယမှ ရှေးရိုးစွဲ မွတ်စလင်အဖွဲ့ Tablighi Jamaat ၏ အဖွဲ့ဝင်များနှင့် ဆက်နွှယ်၍ ကူးစက်မှု မြင့်တက်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
