စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ် ရန်အတွက် နိုင်ငံသားများအနေဖြင့် ဧပြီ ၅ ရက် ညကိုးနာရီအချိန်တွင် နေအိမ်မီးများကို ပိတ်ကာ ဖယောင်းတိုင်များ၊ မီးအိမ်များ၊ လက်ကိုင်ဖုန်းမီးများကိုင်၍ မိမိတို့နေအိမ်၏ လသာဆောင်များတွင် ကိုးမိနစ် မတ်တတ်ရပ် ပေးရန် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ပြည်သူ ၁.၃ ဘီလျံကို တိုက်တွန်းခဲ့သည်။
ယင်းကဲ့သို့လုပ်ဆောင်မှုသည် ကိုရိုနာ ဗိုင်းရပ်စ်က ဖန်တီးပေးခဲ့သော အမှောင်ထုကို ဖြိုခွင်း၊ ပပျောက်စေလိမ့်မည်ဖြစ်ပြီး ကပ်ရော ဂါ တိုက်ဖျက်မှုတွင် ပြည်သူလူထု အတူတကွ ပူးပေါင်းပါဝင်မှုကို ပြသလိမ့်မည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဟန့်တား နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လူစုလူဝေးကို ရှောင်ရှားခြင်းဖြစ်ကြောင်း
ဧပြီ ၃ ရက်က ထုတ်လွှင့်သော ရုပ်သံမိန့်ခွန်း အတွင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်ဖြစ် ပွားနေခြင်းကို ရပ်တန့်သွားစေရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် သီတင်းပတ်သုံးပတ် lockdown ချထားမည်ဟု မတ် ၂၄ ရက်တွင် မိုဒီက ကြေညာခဲ့သည်။
မတ် ၂၅ ရက်တွင် စတင်သက်ဝင်ခဲ့သော lockdown ချမှုကြောင့် ရွှေ့ပြောင်းအခြေချ လုပ်သားသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ စားနပ်ရိက္ခာရရှိရေးနှင့်ယာယီ ခိုလှုံနိုင်ရေးအတွက် သောင်းနှင့်ချီသော ရွှေ့ပြောင်းအခြေချအလုပ်သမားများ ၎င်းင်းတို့ ၏ မွေးရပ်ကျေးရွာများသို့ ထွက်ပြေးကြရခြင်း အပါအဝင် ပိတ်ဆို့ကန့်သတ်မှုများတင်းကျပ် စွာ ချမှတ်ထားခြင်းကြောင့် ဆင်းရဲဒုက္ခများ တွေ့ကြုံခံစားခဲ့ကြရသည်ကို သိရှိနားလည် ထားကြောင်း မိုဒီက ဝန်ခံခဲ့သည်။
လူစုလူဝေးကြောင့် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှု ဖြစ်ပွားခဲ့ခြင်းနှင့်သက်ဆိုုင်သည့် သက် သေအထောက်အထားမရှိသေးသော်လည်း နိုင်ငံတွင်း၌ အပြည့်အဝမလုပ်ဆောင်နိုင် သေးသော ရောဂါစမ်းသပ်စစ်ဆေးမှုကို အတော်အတန်လုပ်ဆောင်ထားပြီးဖြစ် ကြောင်း အိန္ဒိယတာဝန်ရှိသူများက အခိုင်အ မာပြောကြားခဲ့ကြသည်။ အိန္ဒိယရှိ မြို့ပြဧရိ ယာများတွင် လူသိန်းနှင့်ချီ နေထိုင်လျက်ရှိ ခြင်းနှင့်အတူ ထိုဒေသများတွင် သန့်စင်သော ရေကို အမြဲတမ်းရရှိခြင်း မရှိပေ။
ဧပြီ ၂ ရက်အထိ အိန္ဒိယတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ ၂၀၀၀ ကျော်သွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် လူ ၅၂ ဦးသေဆုံးခဲ့သည်။ လူဦးရေ ၁.၃ ဘီလျံ ရှိ သည့် အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်ခံထား ရခြင်းရှိ၊ မရှိ စစ်ဆေးခြင်းကို ပမာဏအလွန် နည်းသော လူအရေအတွက်ကိုသာ လုပ် ဆောင်နိုင်သေးကြောင်း ပညာရှင်အချို့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
