ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘရာဇီးလ်ဆယ်ကျော်သက်နောက်ခံလူ ဗစ်တာရီးစ်အားခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။
အသက် (၁၈)နှစ်အရွယ်သာရှိသေးသည် ဘရာဇီးလ်စီး ရီးအေကလပ် ပါးလ်မီးရပ်စ်အသင်းနောက်ခံလူ ရီးစ်သည် အနာဂတ်တွင် ထွန်းတောက်လာမည့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
ရီးယဲလ်အသင်းအနေဖြင့် လက်ရှိအသင်း၏ ဗဟိုခံစစ်နေရာအတွက် ရူဒီဂါနှင့် အကယ်ဒမီကစားသမား ရာအူးလ်အဆန်စီယိုတို့နှစ်ဦးသာရှိနေပြီး နည်းပြအန်ဆယ်လော့တီမှာ ရီးစ်အားလာမည့်ဇန်နဝါရီတွင်ပင် ခေါ်ယူနိုင်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပါးလ်မီးရပ်စ်အသင်းတို့သည် အပြန်အလှန် ကောင်းမွန်သည့် ဆက်ဆံရေးများပိုင်ဆိုင်ထားပြီး ရီးယဲလ်အနေဖြင့် ပြီးခဲ့သည့်ရာသီကလည်း ပါးလ်မီးရပ်စ်အသင်းမှ ဘရာဇီးလ်ဆယ်ကျော်သက် တောင်ပံကစားသမား အန်းဒရစ်အား တရားဝင်ခေါ်ယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
