ဆွစ်ဇာလန်လက်ရွေးစင် ချာကာ (၂၇ နှစ်) သည် အောက်တိုဘာ ၂၇ ရက်က ခရစ္စတယ်ပဲလေ့စ်အသင်း နှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် ပရိသတ်များနှင့် ပြဿနာဖြစ်ပွားရာမှ အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်း ခံရသည့်အပြင် ပွဲကစားခွင့်ပါပျောက်ဆုံးနေခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ယင်းပွဲတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်ထားနိုင်သော်လည်း ချေပဂိုးများ ပြန်လည်ခွင့်ပြုခဲ့ရပြီး ချာကာသည် လူစားလဲရန် ကွင်းပြင်သို့ထွက်ခွာလာစဉ် ပရိသတ်များ၏ လှောင်ပြောင်မှုခံရသဖြင့် လက်တစ်ဖက်ကို နားရွက်နား သို့ကပ်ကာ နားထောင်နေသည့်ပုံစံ ပြုလုပ်၍ ပြန်လည်တုံ့ပြန်ခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်များအပြီးတွင် ထပ်မံဆွေးနွေးမည်ဖြစ်ပြီး အသင်းအတွက် ပြန်လည်ကစားမည့်အချိန်ကို မသိရသေးကြောင်း ပြောကြားခဲ့သည်။
ဆွစ်ဇာလန်လက်ရွေးစင် ချာကာ (၂၇ နှစ်) သည် အောက်တိုဘာ ၂၇ ရက်က ခရစ္စတယ်ပဲလေ့စ်အသင်း နှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် ပရိသတ်များနှင့် ပြဿနာဖြစ်ပွားရာမှ အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်း ခံရသည့်အပြင် ပွဲကစားခွင့်ပါပျောက်ဆုံးနေခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ယင်းပွဲတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်ထားနိုင်သော်လည်း ချေပဂိုးများ ပြန်လည်ခွင့်ပြုခဲ့ရပြီး ချာကာသည် လူစားလဲရန် ကွင်းပြင်သို့ထွက်ခွာလာစဉ် ပရိသတ်များ၏ လှောင်ပြောင်မှုခံရသဖြင့် လက်တစ်ဖက်ကို နားရွက်နား သို့ကပ်ကာ နားထောင်နေသည့်ပုံစံ ပြုလုပ်၍ ပြန်လည်တုံ့ပြန်ခဲ့သည်။
ထို့ပြင် ၎င်းသည် ဂျာစီအကျႌကိုချွတ်စဉ် ဆဲဆိုသည့်စကားရေရွတ်နေသလို အသင်းခေါင်းဆောင်လက်ပတ်ကို လွှင့်ပစ်၍ အဝတ်လဲခန်းအတွင်း တိုက်ရိုက်ဝင်သွားကြောင်း သိရသည်။ ချာကာသည် ယင်းပွဲပြီးကတည်းက လီဗာပူးလ် (လိဂ်ဖလား)၊ ဝုလ်ဗ်၊ လက်စတာ (ပရီးမီးယားလိဂ်)၊ ဂီမာရေ့စ် (ယူရိုပါလိဂ်) တို့နှင့် လေးပွဲဆက်တိုက် လူစာရင်းမှာပင်မပါဝင်ဘဲ ချန်လှပ်ခံရသလို အသင်းခေါင်းဆောင်ရာထူးမှ ပြန်လည်ရုပ်သိမ်းကြောင်း အမ်မရီက ပြီးခဲ့သည့် ရက်ပိုင်းတွင် အတည်ပြုကြေညာခဲ့သည်။
သို့ဖြစ်ရာ ၎င်း၏အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် အူနိုင်းအမ်မရီက "သူ့ရဲ့ခံစားချက်က ပွဲကစားဖို့အတွက် မလုံလောက်သေးဘူးလို့ ကျွန်တော့်ကိုပြောပါတယ်။ သူဘယ်လိုခံစား ချက်ဖြစ်နေလဲ၊ စိတ်ထဲမှာ ဘယ်လိုရှိလဲဆိုတာ အင်္ဂါနေ့က သူနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူက အလုပ်တွေကောင်းကောင်းလုပ်သလို လေ့ကျင့်ရေးကွင်းမှာလည်း သေချာလုပ်ပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ် ပြီးသွားရင်တော့ ကျွန်တော် သူနဲ့ စကားထပ်ပြောဦးမှာပါ။ နည်းပြတစ်ဦးအနေနဲ့ အသင်းကိစ္စတွေအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အတွက် ဂရာနစ်ချာကာလို ကစားသမားမျိုး လို အပ်ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် အသင်းအတွက် ပြန်ကစားဦးမလားဆိုတာ ကျွန်တော်မသိပါဘူး။ သူ့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့ကို ကူညီပေးဖို့ရှိနေသေးလား၊ အာဆင်နယ်အသင်းအကျႌအတွက် ဆက်ပြီး တိုက်ပွဲဝင်ဖို့ ဆန္ဒရှိသေးလားဆိုတာ တော့ ကျွန်တော်မသိပါဘူး။ သူ့ဘက်ကသာ အသင်းနဲ့အတူ ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပြီ၊ ၁၀၀ ရာခိုင် နှုန်း ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ပြန်ကစားဖြစ်မှာပါ။ ဒီလိုအရည်အသွေး ရှိတဲ့ကစားသမားမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။ သူမရှိတော့ အဲဒီနေရာမှာ နည်းနည်းအားနည်းသွားပါတယ်။ ဇန်နဝါရီမှာ သူ့ကိုရောင်းချဖို့ကိစ္စတော့ မစဉ်းစားထားပါဘူး။ ဒါက အသင်းနဲ့ သူနဲ့ ဆွေးနွေးပြီး တော့ ဆုံးဖြတ်ရမှာပါ" ဟု ဖြေကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
