ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် သီးသန့် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ကြောင်း Security Council Report ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယခုလအတွင်း လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌနေရာ ရယူထားသည့် ဗြိတိန်နိုင်ငံက စီစဉ်ကျင်းပမည့် ထိုအစည်းအဝေးတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ကုလသမဂ္ဂအထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်းတို့ကလည်း နောက်ဆုံးရအချက်အလက်များကို တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။
ထိုအစည်းအဝေးသည် ဘစ်ရှော့အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တစ်ဦးအဖြစ် လုံခြုံရေးကောင်စီတွင် ပထမဆုံးအကြိမ် တင်ပြဆွေးနွေးမှုဖြစ်လာမည်ဖြစ်သည်။
ဘစ်ရှော့၏ အာရှခရီးစဉ်များအတွင်း နောက်ဆုံးရအချက်အလက်များကို ကြားသိရန် လုံခြုံရေးကောင်စီဝင်များက စိတ်အားထက်သန်နေကြကြောင်း Security Council Report တွင် ဖော်ပြခဲ့သည်။
ဘစ်ရှော့က သူသည် တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေညီလာခံ တတိယမြောက်ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် သူသည် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဧပြီလနောက်ပိုင်း နေပြည်တော်တွင် မြန်မာတပ်မတော်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ကြောင်း ထိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဘစ်ရှော့က သူသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ၊ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အခြားသူများနှင့်လည်းတွေ့ဆုံခဲ့ပြီး ၎င်း၏တွေ့ဆုံမှုတွင် မျက်နှာလိုက်မှုမရှိဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref: Security Council Report/ Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
