ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
24htopnews | November 20, 2024 8:12 PM CST
ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တောင်ပံကစားသမား ကော်တင်ဟိုက မိမိအနေဖြင့် ဘာစီလိုနာအသင်းအတွက်သာ အာရုံစိုက်ကစားနေပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည
အသက် (၂၆)နှစ်ရှိ ကော်တင်ဟိုအား ခေါ်ယူရန် မန်ယူ၊ ချယ်လ်ဆီး စသည့် ပရီးမီးယားလိဂ်ကလပ်များက ဆက်သွယ်မှုများရှိနေသော်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းတွင်သာ ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့သည်။
ကော်တင်ဟိုက " လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်ကစားမယ့်အစီအစဉ်မရှိသေးပါဘူး။ ဒီရာသီက ကျွန်တော့်ရဲ့ဒုတိယမြောက်ရာသီဖြစ်ပြီး ဆုဖလားတွေ ရရှိခဲ့ပေမယ့် အသင်းနဲ့အတူ အောင်မြင်မှု တွေထပ်မံရရှိဖို့ ကြိုးစားသွားမှာပါ။ ဒီအသင်းမှာ ပျော်ရွှင်နေပါတယ်" ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
