ဥရောပမှ ထိပ်တန်းကစားသမားများနှင့် နည်းပြများကို ခေါ်ယူခဲ့သည့် ဆော်ဒီလိဂ်သည် ဥရောပမှ ထိပ်တန်းဒိုင်လူကြီးများကိုလည်း ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ဆော်ဒီဘောလုံးလောကမှ တာဝန်ရှိသူများသည် ၎င်းတို့၏ လိဂ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့် ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာစေရန်အတွက် ငွေကြေးများစွာအကုန်အကျခံ၍ ကစားသမားသစ်များ၊ နည်းပြသစ်များ ခေါ်ယူနေသည့်နည်းတူ ၎င်းတို့၏ အဆင့်အတန်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဒိုင်လူကြီးများကိုလည်း ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။
ဆော်ဒီလိဂ်သည် ကစားသမားနှင့် နည်းပြများအား လစာမက်လုံးဖြင့် ခေါ်ယူခဲ့သကဲ့သို့ ဒိုင်လူကြီးများကိုလည်း မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုပြုလုပ်သွားရန် စီစဉ်နေပြီး ပရီးမီးယားလိဂ်မှ ဒိုင်လူကြီးများကို ဦးစားပေးပစ်မှတ်ထားနေကြောင်း သိရသည်။
ဆော်ဒီလိဂ်သည် လက်ရှိအချိန်တွင် နိုင်ငံတကာမှ ထိပ်တန်းဒိုင်လူကြီးများကို တစ်ပွဲချင်းအခကြေးငွေပေးချေသည့်ပုံစံဖြင့် ခေါ်ယူအသုံးပြုမှုရှိနေသော်လည်း လာမည့်ရာသီမှစ၍ ပုံသေအသုံးပြုနိုင်မည့်ဒိုင်လူကြီးများ ခန့်အပ်သွားရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
