နာပိုလီအသင်းသည် နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆင်မန်နှင့် ဖြစ်ပွားနေသော Tik Tok ဗီဒီယိုပြဿနာနှင့် ပတ်သက်၍ စော်ကားလိုသည့် ရည်ရွယ်ချက်မရှိကြောင်း ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ဖြေရှင်းခဲ့သည်။
နာပိုလီအသင်းသည် ဘိုလော့ဂ်နာနှင့်ပွဲ၌ အိုဆင်မန် ပယ်နယ်တီလွဲချော်ခဲ့ခြင်းကို လှောင်ပြောင်ထားသည့် ဗီဒီယိုအား Tik Tok တွင် တင်ခဲ့ခြင်းကြောင့် အိုဆင်မန်က ဒေါသထွက်ခဲ့ပြီး တရားစွဲဆိုရန်ပင် စဉ်းစားနေကြောင်း ၎င်း၏ အေးဂျင့်က ပြောကြားခဲ့သည်။
ထို့ပြင် အိုဆင်မန်က Instagram တွင် နာပိုလီဂျာစီဝတ်ဆင်ထားသည့်ပုံ အားလုံးနီးပါးကို ဖျက်ပစ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အိုဆင်မန် နာပိုလီအသင်းမှ ထွက်ခွာတော့မည်ဆိုသည့် ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့ပြီးနောက် နာပိုလီအသင်းက ကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်။
"နာပိုလီအသင်းသည် ယခုကိစ္စအပေါ် အမြတ်ထုတ်ခြင်းများကို ရှောင်လွှဲလိုကြောင်း၊ မိမိတို့သည် အိုဆင်မန်အား မည်သည့်အခါကမှ စော်ကားလိုသည့် ရည်ရွယ်ချက်မရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်နွေရာသီ၌ ကမ်းလှမ်းမှုအားလုံးအား ခါးသီးစွာငြင်းပယ်ခဲ့ခြင်းက မိမိတို့၏ သဘောထားကို ပြသခြင်းဖြစ်ကြောင်း၊ ပေါ့ပေါ့ပါးပါးခံစား မှုဖြင့် Tik Tok ဗီဒီယို ဖန်တီးမိခဲ့ခြင်းသာဖြစ်ကြောင်း၊ စော်ကားလိုသည့် ရည်ရွယ်ချက်မပါကြောင်း"ကြေညာချက်တွင် ပါရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
