အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)သည် လက်ရွေးစင်အသင်းနည်းပြရာထူးမှ ရုတ်တရက်နုတ်ထွက်၍ ဆော်ဒီလက်ရွေးစင်အသင်းအား ပြောင်းလဲကိုင်တွယ်ခဲ့သည့် နည်းပြဟောင်း ရောဘတ်တိုမန်စီနီကို တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။
မန်စီနီ(၅၈ နှစ်)သည် အီတလီလက်ရွေးစင်အသင်း၏နည်းပြအဖြစ် ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၅)နှစ်သက်တမ်းအတွင်း ယူရို-၂၀၂၀ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ပေ။ မန်စီနီသည် အီတလီလက်ရွေးစင်အသင်းကို ၂၀၂၆ ခုနှစ်အထိ ကိုင်တွယ်သွားရန် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း သြဂုတ်(၁၃)တွင် ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့သည်။
ထို့နောက် နှစ်ပတ်အကြာ သြဂုတ်(၂၇)တွင် ဆော်ဒီလက်ရွေးစင်အသင်းနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဆော်ဒီဘောလုံးအဖွဲ့ချုပ်သည် မန်စီနီကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာ ပေါင်(၂၁.၅)သန်း ပေးချေခဲ့ကြောင်း သိရသည်။
ယခုအခါ FIGC ဥက္ကဋ္ဌ ဂရာဗီနာက မိမိတို့အနေဖြင့် နည်းပြဟောင်း မန်စီနီကို ဥပဒေကြောင်းအရ တရားစွဲဆိုရန် စီစဉ်နေကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။
ကြာပသတေးနေ့က ပြုလုပ်ခဲ့သော ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးအပြီးတွင် ဂရာဗီနာက အဆိုပါအစည်းအဝေးအတွင်း မန်စီနီအား အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မည်သည့်နည်းလမ်းဖြင့် အရေးယူနိုင်မည်ဆိုခြင်းကို ရှေ့နေနှင့် တိုင်ပင်ညှိနှိုင်းပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂရာဗီနာက ဗုဒ္ဓဟူးနေ့တွင် မန်စီနီနှင့် ရောမမြို့၌ ဆုံတွေ့ခဲ့ပြီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း၊ အားကစားလောကတွင် လေးစားမှုနှင့် အသိပညာမှာ အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။
အီတလီဘောလုံးအဖွဲ့ချုပ်သည် မန်စီနီ နုတ်ထွက်သွားသည့်အတွက် နာပိုလီနည်းပြဟောင်း စပယ်လက်တီကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် အစားထိုးခန့်အပ်ခဲ့ရသည်။ မန်စီနီသည် အီတလီအသင်းအား ဆုဖလားအောင်ပွဲ ရယူပေးနိုင်သည့် (၆)ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
