ချစ်သူဟောင်းကို ရိုက်နှက်မှုဖြင့် တိုင်ကြားခံထားရသည့် မန်ယူအသင်း၏ တောင်ပံကစားသမား အန်တိုနီ သည် ဘရာဇီးလ်မှ အင်္ဂလန်သို့ပြန်လာ၍ ဂရိတ်မန်ချက်စ တာရဲတပ်ဖွဲ့၏စစ်ဆေးမေးမြန်းမှုကို ဖြေကြားရန် သဘော တူညီမှုရရှိထားကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကစားသမား အန်တိုနီသည် လူမှုမီဒီယာ Influencer တစ် ဦးဖြစ်သည့် ချစ်သူဟောင်း ဂါဘရီယဲလ်ကာဗယ်လ်လင်ကို ရိုက်နှက်မှုဖြင့် စုံစမ်းစစ်ဆေးမှုခံနေရခြင်းဖြစ်သည်။
ဘရာဇီးလ်မီဒီယာဖြစ်သည့် Universo Online က အန်တိုနီ၏ ချစ်သူဟောင်းအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရပြီး ဦးခေါင်းနှင့် လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာ (၄) ရက်တွင် ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သောကြောင့် ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စတင်စုံစမ်းစစ်ဆေးခဲ့သည်။
ကာဗယ်လ်လင်က ဇန်နဝါရီ (၁၅) ရက်တွင် မန်ချက်စတာရှိ ဟိုတယ်ခန်းတစ်ခုအတွင်း အန်တိုနီ၏ ခေါင်းဖြင့်တိုက်ခံရခြင်းကြောင့် ဦးခေါင်းကွဲသွားပြီး ဆရာဝန်ဖြင့် ကုသမှုခံခဲ့ရကြောင်း၊ ရင်ဘတ်ကိုလည်း ထိုးကြိတ်ခံ ရသဖြင့် ဆီလီကွန်ရင်သား ပျက်စီးသွားပြီး ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း စွပ်စွဲပြောကြားထားသည်။
ထို့ပြင် အခြားအမျိုးသမီးနှစ်ဦးဖြစ်သူ ရေဆာဒီဖရိုင်းတက်စ်နှင့် အင်ဂရစ်လာနာတို့ကလည်း အန်တိုနီ၏တိုက် ခိုက်မှုခံရဖူးကြောင်း စွပ်စွဲပြောကြားပြီးနောက် ဘရာဇီးလ်လက်ရွေးစင်အသင်းက စက်တင်ဘာအတွက် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းမှ အန်တိုနီကို ထုတ်ပယ်ခဲ့သည်။
မန်ယူအသင်းကလည်း အန်တိုနီကို အသင်းနှင့်ပြန် လည်ပူးပေါင်းခြင်းမပြုဘဲ အဆိုပါပြဿနာများကို ဖြေရှင်း ရန် ခွင့်ပြုပေးထားသည်။ အန်တိုနီသည် စက်တင်ဘာလ ဆန်းကတည်းက ဘရာဇီးလ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုအခါ အင်္ဂလန်သို့ပြန်လာ၍ ဂရိတ်မန်ချက်စတာရဲ တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ဖြေကြားရန် သဘောတူညီမှုရ ရှိထားကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြခဲ့သည်။
အန်တိုနီအနေဖြင့် စုံစမ်းစစ်ဆေးမှုကို ကူညီပေးရန်အတွက် ၎င်း၏ဖုန်းကို ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ထံ ပေးအပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ထို့ပြင် ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ယာယီနည်းပြဖြစ်သူ ဖာနန်ဒိုဒီနစ်ဇ်ကလည်း အောက်တိုဘာလတွင် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် လူစာရင်းတွင် အန်တိုနီကို ထပ်မံချန်လှပ်ခဲ့သည်။
အန်တိုနီကမူ သူ့အပေါ် စွပ်စွဲမှုများမှာ လုံးဝမှန်ကန်မှုမရှိကြောင်းနှင့် မိမိအနေဖြင့် ယင်းစွပ်စွဲမှုအားလုံးကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
