လီဗာပူးလ်အသင်း၏ ပိုင်ရှင်များဖြစ်သည့် FSG သည် အသင်းပိုင် ရှယ်ယာများထဲမှ အချို့အား အမေရိ ကန် စီးပွားရေးလုပ်ငန်း Dynasty Equity သို့ လွှဲပြောင်းရောင်းချခဲ့ကြောင်း သိရှိရသည်။
FSG သည် ပြီးခဲ့သည့် (၁၂) လခန့်က လီဗာပူးလ်အသင်းကို လွှဲပြောင်းရောင်းချလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အဓိကရှယ်ယာရှင် တစ်ဦးဖြစ်သည့် ဂျွန်ဟင်နရီကမူ ယင်းသတင်းများကို အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။
သို့ရာတွင် ရှယ်ယာအနည်းငယ်ကို ရောင်းထုတ်သင့် ကြောင်းနှင့်ပတ်သက်ပြီး "ကျွန်တော်တို့ အင်္ဂလန်မှာ လာရောက်အခြေချမှာလား။ နိုးပါ။ ကျွန်တော်တို့ လီဗာပူးလ်အသင်းကို ရောင်းထုတ်မှာလား။ ဒါလည်း နိုးပါ။ ကျွန်တော်တို့ လီဗာပူးလ်အသင်းရဲ့ ရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံသူတွေဆီကို ရောင်းချမှာလား။ မှန်ပါတယ်။ ကျွန်တော်တို့ အဲဒီအလုပ်ကိုတော့ လုပ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ရှယ်ယာအနည်းကိုသာ ရောင်းထုတ်သွားမှာပါ"ဟု ဆိုခဲ့ဖူးပြီး ယခုအချိန်တွင်မူ ဂျွန်ဟင်နရီ ပြောခဲ့ဖူးသည့်အတိုင်း ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
ရောင်းထုတ်ခဲ့သည့် ရှယ်ယာပမာဏမှာမူ ရာခိုင်နှုန်းအနည်းငယ်သာဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
