ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (PIF) သည် ပြင်သစ်ကလပ် မာဆေးလ်အသင်းကို ဝယ်ယူနိုင်ခဲ့ပါက ရီးယဲလ်အသင်း၏နည်းပြဟောင်း ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သ ဘောတူညီမှုရရှိထားကြောင်း သတင်းများထွက်ပေါ်နေသည်။
PIF သည် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ပိုင် ဆိုင်ထားသည့် ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်ပြီး ပြင်သစ်ဘောလုံးလောက၌ PSG အသင်းကို ပိုင်ဆိုင်ထားသည့် ကာတာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ပြိုင်ဆိုင်မှုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
မာဆေးလ်အသင်းကို လက်ရှိအချိန်တွင် အမေရိကန်လုပ်ငန်းရှင် ဖရန့်မက်ကော့တ်က ပိုင်ဆိုင်ထားပြီး အသင်းအား ရောင်းချခြင်းပြုမည်မဟုတ်ဟု ပြောကြားထားသော်လည်း PIF ၏ ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်မည်မဟုတ်ကြောင်း သုံးသပ်မှုများ ရှိ နေသည်။
ထို့ပြင် ယခုကဲ့သို့ အသင်းအ ရောင်းအဝယ်ဖြစ်မြောက်ခြင်းမရှိသေးမီမှာပင် PIF က ရီးယဲလ်နည်းပြဟောင်း ဇီဒန်းအား နည်းပြအဖြစ် ခန့်အပ်သွားရန် ကြိုတင်ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။
ဇီဒန်းသည် မာဆေးလ်မြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား(၃)ကြိမ်၊ လာလီဂါချန်ပီယံဆု (၂)ကြိမ် ရရှိထားသည့် ထိပ်တန်းနည်းပြတစ်ဦးဖြစ်သည်။ ၎င်းသည် ကမ်းလှမ်းမှုများစွာကို ငြင်းပယ်ကာ အသင်းလက်မဲ့နည်းပြအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
