■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
24htopnews | November 20, 2024 10:12 PM CST
ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်အသင်းမှ အူန်ယွန်းဘာလင်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ၀ါရင့်အီတလီနောက်ခံလူ ဘိုနူချီက နည်းပြဘဝအတွက် ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘိုနူချီ (၃၆ နှစ်)သည် ကစားသမားဘဝ အဆုံးသတ်ခါနီးမှ အီတလီပြင်ပသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
"ဒီရွေးချယ်မှုက ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်က ကစားသမားဘဝက အနားယူပြီးရင် နည်းပြဖြစ်ချင်တာကြောင့်ပါ။ ဒီအတွက် အီတလီနဲ့ မတူကွဲပြားတဲ့နေရာဒေသကို ရွေးချယ်ခဲ့တာပါ"ဟု ဘိုနူချီက ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
