မန်စီးတီးအသင်းသည် နော်ဝေတိုက်စစ်မှူး ဟာလန်းကို တစ်ပတ် လစာပေါင်(၅၀၀၀၀၀)အထိ တိုးမြှင့်ပေး၍ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
ဟာလန်းသည် လက်ရှိအချိန်၌ တစ်ပတ်ပေါင် (၃၇၅၀၀၀)ရရှိနေသူဖြစ်ပြီး တစ်ပတ်ပေါင်(၄၀၀၀၀၀)ရရှိနေသည့် အသင်းဖော် ဒီဘရိုင်းနား၏နောက်တွင် ပရီးမီးယားလိဂ်နှင့် မန်စီးတီးအသင်း၏ ဒုတိယလစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။
မန်စီးတီးအသင်းက ဟာလန်းကို ပရီးမီးယားလိဂ်၏ လစာအများဆုံးကစားသမား ဖြစ်လာစေမည့် လစာနှုန်းထားဖြင့် သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။
မန်စီးတီးအသင်း သည် ၂၀၂၇ ခုနှစ်၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် ဟာလန်းကို ၂၀၂၉ ခုနှစ် အထိ သက်တမ်းရှိသည့် စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် လိုလားနေခြင်းဖြစ်ပြီး ၎င်းနှင့် ချုပ်ဆိုထားသည့် လျော်ကြေးစာချုပ်ကိုလည်း ပယ်ဖျက်ပစ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဟာလန်းကို ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ PSG စသည့် ဥရောပထိပ်သီးအသင်းများက ခေါ်ယူရန် ချိန်ရွယ်နေသည့်အတွက် မန်စီးတီးအသင်းက သက်တမ်းတိုးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။
ဟာလန်းသည် မန်စီးတီးအသင်းနှင့်အတူ ခြေစွမ်းပြနိုင်နေသူဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၁၄)ပွဲကစား ကာ (၁၀၅)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
