Top News

မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း  နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
24htopnews | November 21, 2024 1:12 AM CST

 

နယူးကာဆယ်အသင်းခေါင်းဆောင် ဂီမာရေ့စ်က မန်စီးတီးအသင်း၏စိတ်ဝင်စားခြင်းကို ခံနေရပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့်စကားပြောဖူးသော်လည်း နယူးကာဆယ်တွင် ပျော်ရွှင်နေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ 

ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်(၂၇ နှစ်)သည် ၂၀၂၂ ဇန်နဝါရီတွင် လိုင်ယွန်အသင်းမှ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ယင်းကတည်းက အသင်း၏အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။ 

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နွေရာသီကတည်းက ဂီမာရေ့စ်အား ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြောင်း သိရသည်။ ယခုအခါ ဂီမာရေ့စ်က မန်စီးတီးအသင်း၏စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ဂွါဒီယိုလာနှင့်စကားပြောဖူးကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ 

ဂီမာရေ့စ်က "နယူးကာဆယ်မှာ ကျွန်တော်က Idol ဖြစ်ပြီး လေးစားခံရသူပါ။ လွန်ခဲ့တဲ့(၃)နှစ်က ကျွန်တော့်ရဲဲ့အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားရဖို့ဖြစ်ပြီး အခုဆို နယူူးကာဆယ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်နေပါပြီ။ နယူးကာဆယ်မှာ ကျွန် တော် အရမ်းပျော်ပါတယ်။ မန်စီးတီးက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ စိတ်ဝင်စားတယ်ဆိုတာထက်မပိုပါဘူး။ ဂွါဒီယိုလာနဲ့လည်း တစ်ကြိမ်စကားပြောဖူးပြီး အချင်းချင်း ချီးကျူးခဲ့ကြတာပါ။ အဲဒီထက် မပိုပါဘူး"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK