Top News

ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ်  ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
24htopnews | November 21, 2024 1:12 AM CST

 

ပရီးမီးယားလိဂ်ပြိုင်ဘက်ပရိသတ်များသည် မန်စီးတီးနှင့် ဂွါဒီယိုလာ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် စိုးရိမ်နေကြကြောင်း သိရှိရသည်။ 

ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာမည်ကျော် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် အသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီး ယင်းသဘောတူညီမှုတွင် တစ်နှစ်ထပ်မံတိုးခွင့်ရှိသည်ဆိုသောအချက်ပါ ပါဝင်ကြောင်း သတင်းထွက်ပေါ်နေသည်။ 

ယင်းသတင်းသာ မှန်ကန်ခဲ့ပါက ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းတွင် ၂၀၂၇ ခုနှစ်၊ ဇွန်လကုန်အထိ ရှိနေမည်ဖြစ်သည်။ မန်စီးတီးအသင်းသည် ဂွါဒီယိုလာလက်ထက် (၈) ရာသီတွင် ပရီးမီးယား လိဂ်ချန်ပီယံဆုကို နောက်ဆုံး (၄) ကြိမ်ဆက်အပါအဝင် (၆) ကြိမ်အထိ ရယူထားသည်။ 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၅) ကြိမ်ဆက်ရယူရန် ရေပန်းစားနေဆဲဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်း၏ ပြိုင်ဘက်ပရိသတ်များသည် မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရပြီးနောက် လူမှုကွန်ရက်တွင် မန်စီးတီးအသင်း အင်္ဂလိပ်ဘောလုံးလောကကို ဆက်လက်လွှမ်းမိုးဦးမည်ဖြစ်၍ စိတ်ပျက်ကြောင်း မှတ်ချက်များ ရေးသားခဲ့ကြသည်။ 


READ NEXT
Cancel OK