မန်ယူတိုက်စစ်မှူး ဆာဟာက နာမည်ကျော် ပေါ်တူဂီ ၀ါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုအနေဖြင့် မန်ယူနည်းပြသစ် အာမိုရင်မ်နှင့် အလွန်ရင်းနှီးသည့် သူငယ်ချင်းဆက်ဆံရေးကြောင့် အာမိုရင်မ်သာ အလိုရှိပါက မန်ယူအသင်းထံသို့ ပြန်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီကုန်တွင် လက်ရှိကလပ် အယ်လ်နာဆာအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အယ်လ်ဟီလာအသင်းက နေမာ၏နေရာတွင် အစားထိုးရန်အတွက် ၎င်းကိုခေါ်ယူလိုနေကြောင်း သတင်းထွက်ပေါ်နေသည်။ စီရော်နယ်လ်ဒိုသည် ၂၀၂၅ ဖေဖော်ဝါရီလ (၅) ရက်တွင် အသက် (၄၀) ပြည့်မည်ဖြစ်သော်လည်း ကစားသမားဘဝမှ အနားမယူလိုသေးဘဲ နှစ်အနည်းငယ် ကစားလိုနေသေးကြောင်း သိရသည်။
စီရော်နယ်လ်ဒိုအနေဖြင့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ကလပ်နှင့် နိုင်ငံအတွက် ဂိုးများသွင်းယူနေဆဲဖြစ်သောကြောင့် ပရီးမီးယားလိဂ်တွင် ကစားနိုင်ဦးမည်ဟု သုံးသပ်မှုများရှိနေသည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ၂၀၀၃ ခုနှစ် မှ ၂၀၀၉ ခုနှစ်အထိနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၂) ကြိမ်တိုင်တိုင် ကစားခဲ့သူဖြစ်သည်။
၎င်းသည် မန်ယူအသင်း၌ ပထမဆုံးအကြိမ်ကစားရာတွင် ကစားသမားဘဝ ပထမဆုံး Ballon d'Or ဆုကို ရယူနိုင်ခဲ့ပြီး ဒုတိယအကြိမ်တွင် နည်းပြ တန်ဟက်ဂ်နှင့်အဆင်မပြေသဖြင့် အသင်းမှထွက်ခွာခဲ့ရသည်။ ယခုအခါ မန်ယူအသင်းကို စီရော်နယ်လ်ဒို၏သူငယ်ချင်းဖြစ်သူ အာမိုရင်မ် ကိုင်တွယ်နေပြီး အာမိုရင်မ်သာ လိုအပ်ပါက စီရော်နယ်လ်ဒိုအနေဖြင့် မန်ယူသို့ ပြန်လာဖွယ်ရှိကြောင်း ဆာဟာက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာဟာက "စီရော်နယ်လ်ဒိုအနေနဲ့ လေးစားလောက်တဲ့ ကမ်းလှမ်းခံရရင် မန်ယူကို ပြန်လာမယ်လို့ထင်ပါတယ်။ သူက အာမိုရင်မ်နဲ့ အရမ်းရင်းနှီးသူပါ။ အာမိုရင်မ်အနေနဲ့ သူငယ်ချင်းဖြစ်ရုံနဲ့ စီရော်နယ်လ်ဒိုကိုခေါ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ စီရော်နယ်လ်ဒိုက ကူညီနိုင်တယ်လို့ထင်ရင် သူခေါ်ပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ စိန်ခေါ်မှုကိုကြိုက်တဲ့ စီရော်နယ်လ်ဒို ပြန်လာမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
