ငွေဆောင်ကမ်းခြေတွင် မူလတောင်သူများထံမှ မြေယာများသိမ်းဆည်းကာ ဟိုတယ်များ ဆောက်လုပ်ထားသည့် မြေနေရာများနှင့် ပတ်သက်၍ မြေယာလျော်ကြေးငွေများ ပေးလျော်ရန် ဟိုတယ်လုပ်ငန်းရှင်များနှင့် မြေသိမ်းခံပြည်သူများအကြား ညှိနှိုင်းနေမှုများ မပြီးပြတ်ခင် အချိန်ကာလအတွင်း ဟိုတယ်များကို လျှပ်စစ်မီးများ သွယ်တန်းခွင့်မပြုပါရန် မြေသိမ်းခံပြည်သူများမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ တင်ပြကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။
၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေရှိ ဒေသခံပြည်သူများ ပိုင်ဆိုင်သော အုန်းခြံများကို ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တောင်သူ ၂၄၈ ဦးထံမှ မြေဧက ၃၁၅ ဒသမ ၂၀ ဧကအား သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းခဲ့စဉ်အချိန်က မူလပိုင်ရှင်အား စိုက်ပျိုးထားသည့် သီးပင်လျော်ကြေးများသာ ပေးအပ်ခဲ့ပြီးနောက် ပေ ၄၀ ပေ ၆၀ မြေကွက်များကိုသာ ချထားပေးခဲ့ကြောင်း၊ ယင်းနောက် ဟိုတယ်ဇုန်တည်ဆောက်ကာ လုပ်ငန်းရှင်များအား ချထားပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်မှ မြေယာများကို ပြန်လည်စွန့်လွှတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရကလည်း သိမ်းဆည်းခံပြည်သူများထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ လက်ရှိလုပ်ငန်းလုပ်ဆောင်နေသည့် လုပ်ငန်းရှင်များကိုသာ ပြန်လည်ချထားပေးကြောင်း၊ မြေသိမ်းခံပြည်သူများမှ လက်ရှိအစိုးရသစ်လက်ထက်တွင် နစ်နာခဲ့သည့် သိမ်းဆည်းခံ မြေယာများပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများအပေါ် မူလသိမ်းဆည်းခံပြည်သူများ နစ်နာမှုများမရှိရေးအတွက် တိုင်းဒေသကြီးအစိုးရမှ နစ်နာကြေးများ ရရှိရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း လုပ်ငန်းရှင်များမှ ပေးအပ်လိုသောငွေကြေးနှင့် မြေသိမ်းခံပြည်သူများမှ တောင်းဆိုသည့် နစ်နာကြေးငွေမှာ ကွာခြားမှုများရှိနေကြောင်း၊ မြေယာလျော်ကြေးများ မပေးအပ်ရသေးမီ အချိန်အတွင်း ဟိုတယ်များအား အသစ်တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းများ မလုပ်ဆောင်ရန် ဒေသခံများ၏ တောင်းဆိုမှုကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်ပေးထားကြောင်း၊ ငွေဆောင်ကမ်းခြေတွင် လျှပ်စစ်မီးများ သွယ်တန်းလျက်ရှိပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ငွေဆောင်ကမ်းခြေတစ်လျှောက် လျှပ်စစ်မီးဖြန့်ဝေပေးရန် အစိုးရအဖွဲ့ စီမံဆောင်ရွက်မှုအပေါ်တွင်လည်း ကမ်းခြေရှိဒေသခံ များကိုသာ လျှပ်စစ်မီး သွယ်တန်းခွင့်ပြုပြီး မြေယာလျော်ကြေး မပေးအပ်ရသေးသည့် ဟိုတယ်များကို လျှပ်စစ်မီးသွယ်တန်းခွင့် မပြုရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဘာပဲပြောပြောလေ တောင်သူတွေနဲ့ သူတို့လုပ်ငန်းရှင်တွေနဲ့ ပြေလည်မှုမရခင်ကြားကတော့ ဒီလျှပ်စစ်ပေးတဲ့ ကိစ္စကိုလည်း ဒါမပေးနိုင်အောင်တော့ ကျွန်တော်တို့က အတတ်နိုင်ဆုံးတော့ ကန့်ကွက်ရမှာပဲ။ ဘာလို့လဲဆိုတော့ အခုဟိုတယ်ဇုန်က မြေနေရာတွေ ယူထားတယ်။ အဆောက်အအုံသစ် ဆောက်မယ်ဆိုရင် ဆောက်ခွင့်မပေးပါနဲ့ဆိုပြီးတော့ အစိုးရအဖွဲ့ကို တင်ထားလို့ အခုဆောက်ခွင့် မပေးဘူး။ အခုဆောက်ခွင့်မပေးလို့ အသစ်မဆောက်ရတဲ့အတွက်ကြောင့်မို့ သူတို့ဘက်က ဝင်ငွေနည်းတယ်၊ ဘာညာ ဖြစ်လာတယ်။ လုပ်ငန်းတိုးချဲ့လို့မရဘူး ဖြစ်လာတဲ့အတွက်ကြောင့်မို့ ဒီ ၂၀၁၈ သုံးလပိုင်းမှာ ဒီမြေယာလျော်ကြေး ပေးလျော်ပါ့မယ်ဆိုပြီး လေသံထွက်လာပြီး ပေးလျော်ဖို့ ညှိနှိုင်းလာတဲ့ အထိဖြစ်တာပါ” ဟု မြေသိမ်းခံ ပြည်သူတစ်ဦးဖြစ်သူ ဦးလှမြင့်က ပြောကြားသည်။
မြေယာနစ်နာကြေးများနှင့် ပတ်သက်၍ မြေသိမ်းခံပြည်သူများမှ လက်ရှိဒေသ ပေါက်စျေးနှုန်းများအတိုင်း ပေးလျော်ပေးပါရန် တောင်းဆိုထားခဲ့ကြပြီး ဟိုတယ်လုပ်ငန်းရှင်များကမူ တစ်ဧကလျှင် ကျပ်သိန်း ၅၀ နှုန်းသာ ပေးလျော်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
