မြဝတီမြို့ မြစန္ဒီပန်းခြံအတွင်း၌ တပ်မတော်ထောက်ခံပွဲနှင့် ပြည်ပစွက်ဖက်မှုများဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲအား ကရင်ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးဥက္ကဋ္ဌ ဗိုလ်မှူးကြီးကံညွန့်(ငြိမ်း)က ဦးဆောင်ပြီး ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များမှ စစ်မှုထမ်းဟောင်းနှင့် အရန်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
“တပ်မတော်က ကျွန်တော်တို့ နိုင်ငံသားတွေ လုံခြုံရေးအတွက် အဓိက တာဝန်ယူထားပါတယ်။ ဒီလိုတာဝန်ယူထားတာကို ပြည်ပအဖွဲ့အစည်းတချို့က မဟုတ်မမှန် လုပ်ကြံပြီးတော့ UN မှာသွားပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြတယ်။ ဒီတော့ ကျွန်တော်တို့ဟာ တပ်မတော်က အငြိမ်းစားယူခဲ့ကြပေမယ့် တပ်မတော်နဲ့ တစ်သားတည်းရှိတယ်။ နောက်ပြီး တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနေသလို ဥပဒေကို လေးစားလိုက်နာနေတဲ့ တပ်မတော်ဖြစ်တယ်။ ဒါကြောင့် ပြည်သူ့အတွက် တပ်မတော်ဖြစ်တာနဲ့အညီ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေအောင် လုပ်နေတဲ့ ပြည်ပအဖွဲ့အစည်းအားလုံးကို ကန့်ကွက်ရှုတ်ချတာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးကံညွန့်(ငြိမ်း)က ပြောကြားသည်။
“ကျွန်တော်တို့က တပ်မတော်အငြိမ်းစားတွေဖြစ်ပါတယ်။ ဒါပေမဲ့ လူသာဟောင်းသွားခဲ့တာပါ။ စိတ်ဓာတ်က ဘယ်တော့မှ မဟောင်းပါဘူး။ အခုနေ ပြည်ပရန်တွေဖြစ်ပေါ်လာလို့ အင်အားလိုတယ်ဆိုရင် ပြည်သူကို ကာကွယ်ဖို့၊ အသက်ပေးဖို့ အသင့်ပါပဲ။ ဒါကြောင့် တပ်မတော်သားဟောင်းတွေပီပီ တပ်မတော်ကို မဟုတ်မမှန် လုပ်ကြံ အပုပ်ချနေတဲ့ ပြည်ပအဖွဲ့အစည်းတွေ ကန့်ကွက်ရှုတ်ချပွဲကို မဖြစ်ဖြစ်အောင် တက်ရောက် ပါဝင်ခဲ့တာပါ” ဟု ကော့ကရိတ်မှ အငြိမ်းစား တပ်ကြပ်ကြီး ဦးမင်းဆွေက ပြောကြားသည်။
“တပ်မတော်ထောက်ခံပွဲနှင့် ပြည်ပစွက်ဖက်မှုများ ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ အား စီတန်းလှည့်လည်ခြင်း မပါရှိဘဲ သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံတင်ပြခဲ့ကာ အဆိုပါအခမ်းအနားအား နိုင်ငံတော် စစ်ချီတေးများသီဆိုခြင်း၊ ပြည်ပစွက်ဖက်မှုများ အလိုမရှိကြောင်း ကြွေးကြော်ခြင်း စသည်တို့ ပြုလုပ်ကာ အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
