မူးယစ်ဆေးစွဲနေသူများအတွက် နဂိုရှိနေသည့် ပြန်လည်ထူထောင်ရေး စခန်းများသည် ထိရောက်စွာဆောင်ရွက်နိုင်မှု အားနည်းနေသည့်အတွက် အခြေခံမှစကာ ပြန်လည်ပြုပြင်မှုများဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဒီဇင်ဘာ ၂၆ ရက်ကပြုလုပ်သည့် National Workshop on Policy and Development အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် သတင်းမီဒီယာများ မေးမြန်းမှုကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“မူးယစ်ပြန်လည်ထူထောင်ရေးကတော့ အထူးဦးစားပေးပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းထဲမှာပါတယ်။ မူးယစ်ပြန်ထူထောင်ရေးက ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးကို ထိထိရောက်ရောက်နှိမ်နင်းနေတယ်။ နောက်မူးယစ်ဆေးစွဲတဲ့ လူတွေကိုလည်း မူးယစ်သံသရာကနေ ပြတ်ဖို့အရေးကြီးတယ်။ ဒါကြောင့် မူးယစ်နဲ့ပတ်သက်တဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို နဂိုရှိတဲ့စခန်းတွေကိုပြန်ပြီးတော့ ပြုပြင်မွမ်းမံတာ ရှိသလို အသစ်ပြန်လည်ပြီးတော့ လုပ်တာတွေရှိတယ်။ နဂိုရှိတဲ့ စခန်းတွေထဲမှာ တကယ်တမ်းဆိုလို့ရှိရင်တော့ မူးယစ်ပြန်ထူစခန်းတွေက ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာ တော်တော်နည်းနေတယ်။ တော်တော့်ကိုနည်းနေတယ်။ အဲဒါကြောင့် တစ်ခုချင်းတစ်ခုချင်းကို အခုကစပြီးတော့ အခြေခံ ကစပြီးတော့ ပြန်လည်ပြီးတော့ပြုပြင်တာ ဖြစ်တဲ့အတွက်ကြောင့် မကြာခင်မှာပေါ်လာမှာပါ” ဟု ပြောကြားသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံ ရေးအရလိုအပ်သည်များကိုသာ ဆက်လက်စောင့်ရှောက်မှုသာရှိပြီး ကြီးကြပ်လုပ်ဆောင်သည့်နေရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သော်လည်း အခြားဆက်စပ်ဝန်ကြီးဌာနများ ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“လက်ရှိအခက်အခဲတွေကတော့ တကယ်ထူထောင်နိုင်တာကတော့ ဝက်ထီးကန်လိုမျိုးပေါ့။ ဒီဟာကတော့ ကြီးကြီးမားမား ရှည်ကြာစွာဆောင်ရွက်နေခဲ့တဲ့ဌာနတစ်ခု။ ဒါပေမဲ့ ဆောင်ရွက်တဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိတယ်။ ပြည်သူတွေကနေပြီးတော့ ထည့်ဝင်ပြီးတော့ ဆောင်ရွက်ရတဲ့ ကိစ္စတွေလည်းရှိတယ်။ အစိုးရကနေပြီးတော့ အားစိုက်ထုတ်တဲ့ကိစ္စတွေ ရှိတယ်။ ဒါပေမဲ့ အခြားဒီတစ်နေရာထဲ လုပ်လို့လည်းရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မူးယစ်ဆေးကိုနှိမ်နင်းနေတဲ့အတွက် မူးယစ်ဆေးဖြတ်တဲ့လူတွေ အရမ်းများလာမယ်။ တရားဝင်ဖြတ်လို့ရသွားတယ်။ ဖြတ်တဲ့လူတွေလည်း များလာမယ်။ ဖြတ်ပြီးတာနဲ့ ပြန်လည် ထူထောင်ရေးကိုဆက်မယ်။ ဖြတ်တာနဲ့ ပြန်လည်ထူထောင်ရေးနဲ့တွဲလုပ်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးနေရာတွင် မူးယစ်ဆေးလာဖြတ်သူများ အဖမ်းမခံရဘူးဆိုသည့် အာမခံချက်ရှိသလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အဲဒါကတော့ ဒီသူ့ဥပဒေအတိုင်းပဲသွားမယ်။ ဥပဒေအတိုင်းဆိုလို့ရှိရင် သူ့ရဲ့သတ်မှတ်ချက်ဟာရှိတယ်။ ဒီအပေါ်မှာ ဒီဟာမျိုးပဲ တွေ့တယ်ဆိုလို့ရှိရင် အဖမ်းခံရစရာအ ကြောင်းဘာမှမရှိဘူး။ ဒါပေမဲ့ သူ့သတ်မှတ်ချက်ကို ကျော်လွန်သွားရင်တော့ ရောင်းဝယ်ဖောက်ကားမှုတို့ ဘာတို့ ဆက်စပ်သွားရင် တော့သူပါမှာပေါ့နော်။ ဥပဒေအရခံရမှာပေါ့။ ဒါပေမဲ့ တကယ်သုံးတဲ့လူ၊ တကယ် ဖြတ်ချင်တဲ့လူ သုံးဆဲကာလလေးမှာ တစ်နေ့ စာလောက်ပဲ သူ့လက်ထဲမှာရှိတယ် စသဖြင့် သူသုံးဖို့အတွက် မပြတ်သေးခင်မှာသုံးရတဲ့ ပမာဏလောက်ကို အစိုးရခွင့်ပြုထားတာလေးတွေရှိတယ်။ ဒါကတော့ သူ့ဥပဒေ အတိုင်းပဲသွားမှာ။ အဲဒီအတိုင်းဆိုလို့ရှိရင် အဖမ်းခံရစရာမရှိပါဘူး” ဟု ပြန်လည်ဖြေ ကြားသည်။
မူးယစ်ဆေးဝါးဖြတ်သူများအား ပြန်လည်ထူထောင်ရေးလုပ်သည့်အချိန်တွင် မူး ယစ်ဆေးမပြတ်သေးသူများအတွက် မူးယစ်သံသရာပြန်မလည်စေရန် အဓိကဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
