လီဗာပူးလ်ဂန္ထဝင် အလန်ကင်နေဒီက အသင်းဟောင်းအနေဖြင့် ချန်ပီယံဆုများကို ရယူလိုပါက အသင်း၏အဓိက ကစားသမားများ ဖြစ်သည့် ဆာလာ၊ အာနိုးလ်နှင့် ဗန်ဒိုက် တို့ကို အသင်းတွင် ဆက်ထိန်းထားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့သည် ကလော့ပ်လက်ထက်က လီဗာပူးလ်အသင်း အောင်မြင်မှုများရရှိ ခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူများဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ယခုရာသီ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားများကို ဦးဆောင်နေသည့် နည်းပြ ဆလော့၏ လီဗာပူးလ်အသင်းတွင်လည်း အဓိက ကစားသမားများအဖြစ် ခြေစွမ်းပြလျက်ရှိသည်။
ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ၎င်းင်းတို့(၃)ဦးစလုံးကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှု မရသေးပေ။
ယခုအခါ အလန်ကင်နေဒီက "လီဗာပူးလ်အနေနဲ့ ဆာလာ၊ ဗန်ဒိုက်နဲ့ အာနိုးလ်တို့ (၃) ဦးစလုံးကို ဆက်ထိန်းထားဖို့လိုပါတယ်။ ၁၉၆၀၊ ၁၉၇၀ နဲ့ ၁၉၈၀ ကာလတွေမှာ လီဗာပူးလ်အသင်း အောင်မြင်ခဲ့တာ ထိပ်တန်းကစားသမားတွေကို အသင်းမှာဆက်ထိန်းထားနိုင်လို့ပါ။ အသင်းတစ်သင်းမှာ ခေါင်းဆောင်ကောင်းတွေရှိဖို့ လိုပါတယ်။ သူတို့ (၃) ဦးစလုံးက လီဗာပူးလ်ရဲ့ ခေါင်းဆောင်တွေဖြစ်ပြီး အသင်းအတွက် အရမ်းအရေးပါတဲ့ သူတွေ ဖြစ်ပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
