အက်သလက်တီကို - လီဟာနက်စ် (တနင်္ဂနွေညနေ ၅:၃၀ နာရီ)
အက်သလက်တီကိုနဲ့ နည်းပြ ဆီမြွန်နီအတွက်တော့ ဒီရာသီ ဖိအားအတော်များနေတယ်။ အသင်းကို အသစ်တည်ဆောက်နေရချိန်မှာ ဒဏ်ရာပြဿနာတွေကလည်း ထိုးနှက်မှုတစ်ခုလိုဖြစ်နေလို့ အခုလို အဆင့် (၃)နေရာယူထားနိုင်တာကိုပဲ တော်လှပြီလို့ပြောရမယ်။ အက်သလက်တီကိုမှာ ခံစစ်ရော၊ တိုက်စစ်ပါ ဒဏ်ရာပြဿနာတွေနဲ့ တည်ငြိမ်မှုရှာနေဆဲဆိုပေ မယ့် အိမ်ကွင်းပွဲတွေမှာတော့ ဟန်ချက်မပျက်ကစားနိုင်ဆဲပါပဲ။ အိမ်ကွင်းမှာ တိုက်စစ်ကလည်း ဂိုးရဖို့ပိုနီးစပ်သလို၊ ခံစစ်ကလည်း ဂိုးမပေးရအောင် ပိုကစားပြနေနိုင်တာလည်းတွေ့ရလို့ လီဟာနက်စ်လိုအသင်းနဲ့ပွဲအတွက် သိပ်ပြီးစိုးရိမ်စရာ မရှိ လောက်ပါဘူး။ လီဟာနက်စ်ကလည်း အမှတ်ပေးဇယားအောက်ဆုံးကအနေ အလွတ်ရုန်းနိုင်တဲ့အထိ တိုးတက်မှုပြလာ နိုင်ပေမယ့် အဝေးကွင်း နိုင်ပွဲလုံးဝမရှိသေးတဲ့အပြင်၊ အဝေးကွင်းသွင်းဂိုးလည်း (၆)ဂိုးသာရထားလို့ ဒီပွဲလည်းခက်ခဲဦးမှာပါ။ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ပိုကြိုက်နေမိတယ်။
ဆယ်လ်တာဗီဂို - အီဘာ (တနင်္ဂနွေည ၇:၃၀ နာရီ)
အီဘာ အခုနောက်ပိုင်းကြိုးစားမှုကောင်းလာပြီး ရလဒ်ပိုင်းတိုးတက်လာတာတွေ့ရတယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ စိတ်ချရလောက်တဲ့အဆင့် မရှိသေးဘူး။ ဆယ်လ်တာဗီဂိုကလည်း ဒီရာသီခြေစွမ်းက မငြိမ်လှဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ အနိုင်အတွက် ကြိုးစားလာမှာပါ။ ဆယ်လ်တာဗီဂိုပဲ ကြိုက်တယ်။
ဂီတာဖေး - ဘက်တစ် (တနင်္ဂနွေည ၉:၃၀ နာရီ)
အခုတလော ဂီတာဖေးခြေစွမ်းက မှန်းရခက်လာတယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲဖြစ်လို့ ဂီတာဖေးကို သိပ်လျှော့တွက်လို့ မရပြန်ဘူး။ ဘက်တစ်ကလည်း ကစားပုံတိုးတက်လာမှုပြနေတယ်။ တစ်ခုရှိတာက ဘက်တစ်ရဲ့ အဝေးကွင်းမှာ နိုင်ပွဲရဖို့ခက်နေတဲ့ အခြေအနေပါပဲ။ ဒီနှစ်သင်းတွေ့ဆုံမှု နောက်ဆုံး (၅)ကြိမ်မှာလည်း ဂီတာဖေး တစ်ပွဲပဲရှုံးထားပါတယ်။ အိမ်ကွင်းကစားအားလည်း ကောင်းလို့ ဂီတာဖေးနဲ့ ဂိုးအများပဲ ကြိုက်တယ်။
ဆိုစီဒက် - မာယော့ကာ (တနင်္ဂနွေည ၁၂:၀၀ နာရီ)
ဒဏ်ရာပြဿနာတွေနဲ့အတူ ဆိုစီဒက်တို့ လာလီဂါ (၂) ပွဲဆက် ရှုံးပွဲတွေ့ထားတာတွေ့ရတယ်။ ဒါကြောင့် အခုပွဲကိုတော့ အိမ်ကွင်းမှာ အားပိုထည့်ပြီး ကစားလာဖို့များနေတယ်။ မာယော့ကာကလည်း အိမ်ကွင်းစွမ်းသလောက် အဝေးကွင်းမှာ နိုင်ပွဲမရှိ၊ သရေတစ်ပွဲသာရအောင်ကစားနိုင်တဲ့အထိ အခြေအနေဆိုးနေတာပါ။ ဆိုစီဒက်နဲ့ ဂိုးအများပဲရွေးထားရမယ်။
ဗယ်လာဒိုလစ် - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂:၃၀ နာရီ)
ဗယ်လာဒိုလစ်ရဲ့ အိမ်ကွင်းကစားအားကို လျှော့တွက်လို့ မရပါဘူး။ အိမ်ကွင်းရှုံးပွဲတစ်ပွဲသာရှိပြီး အိမ်ကွင်းမှာမရှုံးအောင် ပိတ်ဆို့ကစားရာမှာ ကျွမ်းကျင်မှုရှိကြတာကို တွေ့ရတယ်။ အိမ်ကွင်းမှာ နိုင်ပွဲ (၂)ပွဲသာရထားပေမယ့် သရေပွဲ (၆)ပွဲအထိရှိပြီး ပေးဂိုးကလည်း (၆)ဂိုးသာပေးထားရလို့ ဗယ်လာဒိုလစ်ရဲ့ အိမ်ကွင်းကစားပုံက အလုပ်ဖြစ်နေတယ်လို့ပြောနိုင်တယ်။ ရီးယဲလ်မက်ဒရစ်ကတော့ နှစ်သစ်ကို ချန်ပီယံဆုဖလားတစ်လုံးနဲ့ စဖွင့်ထားနိုင်ခဲ့လို့ ချန်ပီယံစိတ်ဓာတ်မျိုး ပြန် ဝင်နေချိန်ဖြစ်နေတယ်။ ဒီပွဲမှာ ဘန်ဇီမာနဲ့ ရာမို့စ်လည်း ပွဲ ထွက်အဖြစ်ပြန်လာနိုင်လို့ အသင်းအင်အားလည်း ပိုတောင့်တင်းနေနိုင်တယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ လက်ရှိခံစစ်ကစားနေပုံအရလည်း တိုက်စစ်အားနည်းတဲ့ ဗယ်လာဒိုလစ်ကို ထိန်း ချုပ်ထားနိုင်ဖို့ သိပ်မခက်လှပါဘူး။ ဒီတော့ အခုပွဲမှာ ဂိုးသွင်း နှုန်းအတက်အကျရှိနေသေးတဲ့ ရီးယဲလ်တိုက်စစ်က အိမ် ကွင်းခံစစ်မာကျောတဲ့ ဗယ်လာဒိုလစ်ကို ဘယ်လောက်ဖိအားပေးနိုင်မလဲဆိုတာက အဖြေပါပဲ။ ရီးယဲလ်ပဲ နိုင်ဖို့များပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
