မန်စီးတီး - ဖူလ်ဟမ် (တနင်္ဂနွေည ၇:၃၀ နာရီ)
ဖူလ်ဟမ်က လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၃)နေရာရောက် နေပြီး ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ တည်ငြိမ်နေတယ်။ ဒါပေမဲ့ ပွဲစဉ်တွေက အကြိတ်အနယ်ဖြစ်ပြီး အမှားမခံတဲ့အနေအထားလို့လည်း ပြောရမယ်။ မန်စီးတီးကတော့ သေချာပေါက် အားထည့်ကစားမှာပါ။ လူစုံမထုတ်ရင်တောင် ဒီပွဲမှာ ဂိုးတွေသွင်းနိုင်ဖို့ ကြိုးစားလိမ့်မယ်။ မန်စီးတီး ဂိုးပြတ်ဖို့ များတယ်။
ထရန်မဲ - မန်ယူ (တနင်္ဂနွေည ၉:၃၀ နာရီ)
ဝက်ဖို့ဒ်ကို ကျော်ဖြတ်လာခဲ့တဲ့ ထရန်မဲအသင်းရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုရမှာဖြစ်ပေမယ့် ဝက်ဖို့ဒ်အသင်းက ဒီပြိုင်ပွဲအပေါ် အလေးမထားတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ League One မှာတောင် တန်းဆင်းဇုန်ထဲရောက်နေတဲ့ ထရန်မဲအသင်းရဲ့ လတ်တလောရလဒ်တွေကလည်း ဆိုးရွားနေပါတယ်။ အိမ်ကွင်းမှာ နိုင်ပွဲမရတာလည်း ကြာပါပြီ။ မန်ယူကလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်ထားပေမယ့် ထရန်မဲနဲ့တော့ အဆင့်ချင်းကွာပါတယ်။ ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြ ဆိုးလ်ရှားအတွက် ဒီပွဲက မှားလို့မရတဲ့ပွဲလို့ ဆိုရမှာပါ။ ဒီလိုပွဲမျိုးမှာမှ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် ဆိုးလ်ရှား ကူကယ်ရာမဲ့သွားမှာပါ။ အဝေးကွင်းဖြစ်ပေမယ့် မန်ယူအသင်းရဲ့ ပေါက်ကွဲမှုကို မြင်တွေ့ရနိုင်ပါတယ်။ မန်ယူအသင်း ဂိုးပြတ်အနိုင်ယူဖို့ အလားအလာများပါတယ်။
ရှရူးဘူရီ - လီဗာပူးလ် (တနင်္ဂနွေည ၁၁:၃၀ နာရီ)
ရှရူးဘူရီက League One ကလပ်ဖြစ်တဲ့အပြင် လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း စိတ်ပျက်စရာပါ။ လီဗာပူးလ်က ဒီရာသီမှာ ၁၉၉၉ မန်ယူလို အောင်မြင်မှုမျိုးကို မျှော်လင့်လို့ ရနေတဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲကိုလည်း အပြည့်အဝအာရုံစိုက်လို့ရပါတယ်။ မာတစ်၊ မီလ်နာ၊ အော်ရီဂီတို့လို ကစားသမားတွေပါလာမယ်။ လက်ရှိ Rhythm က အားရစရာဖြစ်သလို၊ စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံး ရောက်နေတယ်။ ခပ်လွယ်လွယ်ပဲ နိုင်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
