မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်ကရရှိခဲ့သည့် ချန်ပီယံဆုများကာကွယ်ရန် ယူဂန္ဓာ နှင့် ကင်ညာနိုင်ငံ၌ကျင်းပမည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့်ချန်ပီယံဆုများကို ကာကွယ်နိုင်မှသာ လက်ရှိရရှိထားသည့်ရမှတ်ကို ဆက်ထိန်းနိုင်မည်ဖြစ်သောကြောင့် ၂၀၁၉ ခုနှစ်တွင် အောင်မြင်မှုစတင်ရယူနိုင်ခဲ့သည့် Uganda International Series ကြက်တောင်ပြိုင်ပွဲ နှင့် Kenya Future Series ကြက်တောင် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲနှစ်ပွဲကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ဆက်တိုက်ကျင်းပခဲ့ပြီး သက်ထားသူဇာသည် ဂျော်ဒန်ကြက်တောင်အားကစားမယ် အမ်မီရိုကို ပြိုင်ပွဲနှစ်ခုစလုံးတွင် အနိုင်ယူကာ ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်သမီးအနေနဲ့ ရရှိထားတဲ့ ရမှတ်တွေကို ဆက်ထိန်းနိုင်ဖို့ ပြီးခဲ့တဲ့နှစ်မှာ ဗိုလ်စွဲခဲ့တဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံကာကွယ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ယူဂန္ဓာနဲ့ ကင်ညာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မလေးရှားမှာ ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ခဲ့သလို လေ့ကျင့်မှုတွေပြုလုပ်ပြီး ရန်ကုန်ကို ပြန်ရောက်နေပါပြီ။ လောလောဆယ် ရန်ကုန်မှာပဲ လေ့ကျင့်နေပါတယ်။ အစောဆုံးပြိုင်ပွဲကတော့ ဖေဖော်ဝါရီမှာ ယှဉ်ပြိုင်မှာပါ''ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော်က ပြောကြားသည်။
သက်ထားသူဇာ ချန်ပီယံဆုကာကွယ်ရမည့် Uganda International Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်၊ Kenya Future Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက် အထိ ကျင်းပမည်ဖြစ်သည်။
သက်ထားသူဇာသည် ယခုနှစ်အတွင်းပြိုင်ပွဲတစ်ပွဲသာ ယှဉ်ပြိုင်ရသေးပြီး မလေးရှားနိုင်ငံ၌ ကျင်းပသည့် HSBC BWF World Tour Super500 ပြိုင်ပွဲဖြစ်သည့် မလေးရှားမာစတာကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရည်စစ်ပွဲ မအောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများ၌ကျင်းပသည့် ပြိုင်ပွဲများတွင် အဆင်မပြေ၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှစတင်ကာ BWF က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ချန်ပီယံဆုခုနစ် ကြိမ်ရရှိထားကာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
