အဆိုပါပွဲစဉ်အပြီးတွင် တိုရီနိုအသင်းကစားသမားများမှာလည်း ပွဲအပြီး အဝတ်လဲခန်းတွင် ငိုကြွေးခဲ့ကြကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
တိုရီနိုအသင်းနည်းပြ မက်ဇာရီက အတ္တလန်တာအသင်းအား အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းပရိသတ်များကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
မနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ် တိုရီနို (၀-၇) အတ္တလန်တာပွဲတွင် တိုရီနိုအသင်းပရိသတ်များသည် ပွဲမပြီးမီမှာပင် ကွင်းအတွင်းမှ ထပြန်ခဲ့ကြပြီး ကွင်းအပြင်ဘက်တွင် အသင်းကို ဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပွဲစဉ်အပြီးတွင် တိုရီနိုအသင်းကစားသမားများမှာလည်း ပွဲအပြီး အဝတ်လဲခန်းတွင် ငိုကြွေးခဲ့ကြကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
တိုရီနိုအသင်းနည်းပြ မက်ဇာရီက "အလွန်ဆိုးရွားတဲ့ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် အသင်းပရိသတ်တွေ အားလုံးကို ကျွန်တော် တောင်းပန်ပါတယ်။ အသင်းက ကစားသမားတွေအားလုံးကို အိမ်မပြန်ဘဲ လေ့ကျင့်ခန်းဆင်းဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်။ ဒီနေ့ပွဲက စွမ်းဆောင်မှုအတွက် ကျွန်တော်တို့အနေနဲ့ တောင်းပန်ရုံကလွဲလို့ ဘာမှပြောစရာမရှိပါဘူး" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
