ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒီဘားလားကို ရောင်းချရန် ကြိုးစားခဲ့ပြီး ၎င်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့က ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားက ပြီးခဲ့သည့်နွေရာသီအပြောင်း အရွှေ့ကာလတွင် မိမိအနေဖြင့် အသင်းမှထွက်ခွာရန် အလွန်နီးစပ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒီဘားလားကို ရောင်းချရန် ကြိုးစားခဲ့ပြီး ၎င်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့က ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဒီဘားလားက " ပြီးခဲ့တဲ့နွေရာသီတုန်းက ကျွန်တော့်အနေနဲ့ ဂျူဗင်တပ်စ်ကနေ ထွက်ခွာဖို့ အရမ်းနီးစပ်ခဲ့တာပါ။ အသင်းက ကျွန်တော့်ကိုရောင်းချချင်ခဲ့တာဖြစ်ပြီး နောက်ဆုံးအထိ စောင့်ကြည့်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စာချုပ်က (၂)နှစ်ကျန်ပါသေးတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဘာဖြစ်လာမယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်ရဲ့အနာဂတ်ကို ဂျူဗင်တပ်စ်အသင်းက ဆုံးဖြတ်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနှင့် ဒီဘားလား(၂၆ နှစ်)၏ လက်ရှိစာချုပ် မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
