ရန်ကုန်အသင်းသည် ဇန်နဝါ ရီ ၂၂ ရက်က ကစားခဲ့သည့် ပထမအကျော့ အဝေးကွင်းပွဲတွင် (၆-၁) ဂိုးဖြင့် အနိုင်ရထားသောကြောင့် ခြေစစ်ပွဲအောင်ရန် သေချာသလောက် ရှိနေသည်။ ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ခြေစစ်ပွဲ အောင်မြင်ရန် သေချာသလောက်ရှိနေသော်လည်း ဒုတိယအကျော့ပွဲတွင် အနိုင်ရလဒ်အတွက်သာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ရာသီ AFC CUP ပြိုင်ပွဲ အာဆီယံဇုန် ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဘရူနိုင်းကလပ် အင်ဒရာအသင်းတို့ ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အသင်းသည် ဇန်နဝါ ရီ ၂၂ ရက်က ကစားခဲ့သည့် ပထမအကျော့ အဝေးကွင်းပွဲတွင် (၆-၁) ဂိုးဖြင့် အနိုင်ရထားသောကြောင့် ခြေစစ်ပွဲအောင်ရန် သေချာသလောက် ရှိနေသည်။ ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ခြေစစ်ပွဲ အောင်မြင်ရန် သေချာသလောက်ရှိနေသော်လည်း ဒုတိယအကျော့ပွဲတွင် အနိုင်ရလဒ်အတွက်သာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးတင်မောင်ထွန်းက "ပထမအကျော့ရလဒ်ကြောင့် ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ကောင်းနေပြီဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ အနိုင်ရလဒ်အတွက်ပဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ပွဲတွေ ဆက်တိုက်ကစားနေရတာကြောင့် လူစာရင်းကိုတော့ အပြောင်းအလဲတချို့ ပြုလုပ်ဖို့ရှိပါတယ်။ ဒါပေမဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်မှာဖြစ်သလို အနိုင်ရရှိဖို့ပဲ ကြိုးစားကစားမှာဖြစ်ပါတယ်။ ဘရူနိုင်းကလပ်အသင်းက အရေးနိမ့်ခဲ့ပေမယ့် ခြေစွမ်းက ကောင်းမွန်ပါတယ်။ နိုင်ငံခြားသား ကစားသမားနှစ်ဦးကလည်း ခြေစွမ်းရှိတဲ့သူတွေ ဖြစ်ပါတယ်။ အခုပွဲမှာလည်း ကျွန်တော်တို့ ပေါ့ဆလို့မရပါဘူး။ ပွဲချိန်ပြည့် အာရုံစူးစိုက်မှု အပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ နှစ်ကျော့စလုံးအနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်အောင် ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
အာဆီယံဇုန်တွင် နောက်ဆုံး အဆင့်ခြေစစ်ပွဲ သုံးပွဲကျင်းပနေပြီး ပထမအကျော့တွင် ဂိုးပြတ်အနိုင်ရထားသည့် မြန်မာကလပ် ရန်ကုန်အသင်း၊ အင်ဒိုနီးရှားကလပ် မာကာဆာအသင်း၊ ကမ္ဘောဒီးယားကလပ် ဆာဗေအသင်းတို့ ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းနေသည်။
ရန်ကုန်အသင်းသည် ယနေ့တွင် MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် ရတနာပုံ အသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး နှစ်ရက်သာနားကာ AFC CUP ခြေစစ်ပွဲ ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ခြေစစ်ပွဲ အောင်မြင်ပါက AFC CUP ပြိုင်ပွဲ တွင် ခုနစ်ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
