အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဗီယာဖာရာသည် ကိုလံဘီယာမှ အမေရိကန်သို့ ကိုကင်းများတင်ပို့ ရောင်းချမှုအတွက် သံသယရှိသဖြင့် အစိုးရရှေ့နေများက သုံးနှစ်ကြာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ကိုလံဘီယာအနောက်တောင်ပိုင်းရှိ ကာလီမြို့၌ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းအား အချုပ်ဖြင့် ၁၀ လကြာထိန်းသိမ်း စစ်ဆေးပြီးနောက် ဇန်နဝါရီ ၂၃ ရက်တွင် တက္ကဆက်ပြည်နယ်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ကိုလံဘီယာလက်ရွေးစင် နောက်ခံလူဟောင်း ဗီယာဖာရာသည် ပေါင် ၂၁ သန်းတန်ဖိုးရှိ ကိုကင်းများ တင်ပို့ရောင်းချမှုအတွက် စစ်ဆေးရန် ကိုလံဘီယာမှ အမေရိကန်နိုင်ငံသို့ တရားခံလွှဲပြောင်းမှု ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။
အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဗီယာဖာရာသည် ကိုလံဘီယာမှ အမေရိကန်သို့ ကိုကင်းများတင်ပို့ ရောင်းချမှုအတွက် သံသယရှိသဖြင့် အစိုးရရှေ့နေများက သုံးနှစ်ကြာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ကိုလံဘီယာအနောက်တောင်ပိုင်းရှိ ကာလီမြို့၌ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းအား အချုပ်ဖြင့် ၁၀ လကြာထိန်းသိမ်း စစ်ဆေးပြီးနောက် ဇန်နဝါရီ ၂၃ ရက်တွင် တက္ကဆက်ပြည်နယ်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ဘိုဂိုတာလေဆိပ်တွင် လက်ဗွေနှိပ်နေသည့် ဗီယာဖာရာ၏ဓာတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ရဲအစောင့်အရှောက်များနှင့်အတူ သီးသန့်လေယာဉ်ငယ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ တက္ကဆက်ပြည်နယ် အစိုးရ ရှေ့နေများ၏ ပြောကြားချက်အရ ဗီယာဖာရာသည် မက္ကဆီကိုအခြေစိုက် Gulf Cartel အမည်ရှိ မူးယစ်ဆေးမှောင်ခိုဂိုဏ်းနှင့်ပူးပေါင်း၍ ကိုကင်းများကို စပိဘုတ်တွင်တင်ကာ အမေရိကန်သို့ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗီယာဖာရာသည် ၂၀၀၃ ခုနှစ် တွင် ကိုလံဘီယာလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရပြီး ၂၀၁၀ ပြည့် နှစ်အထိ ၃၄ ပွဲပါဝင်ကစားကာ တစ်ဂိုး (၂၀၀၇ ခုနှစ် မတ်လတွင် ဆွစ်ဇာလန်အသင်းနှင့် ခြေစမ်းပွဲ၌) သွင်း ယူပေးနိုင်ခဲ့သည်။ ၎င်းသည် ကိုလံဘီယာကလပ် ဒီပို့တီဗိုပက်စ်တို အသင်းနှင့် ပရောက်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး ယင်းမှ တစ်ဆင့် အမေရိကဒီကာလီ၊ အင်္ဂလန်ကလပ် ပို့စ်မောက်၊ ဆောက်သမ်တန်၊ စပိန်ကလပ် ဆိုစီဒက်၊ ကယ်လ်ဒက်စ်၊ လာအီကွစ်ဒက်၊ အက်သလက်တီကိုဂျူနီယာ၊ ဒီပို့တီဗိုပါရဲရား၊ မက်ဒယ်လန်းနှင့် အဂီလက်စ်အသင်းများသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။
ကိုလံဘီယာရှိ ကိုကင်းတင်ပို့ရောင်းချမှု လုပ်ငန်းမှာ တချို့သော ဘောလုံးသမားများအား ဆွဲဆောင်နိုင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင်လည်း ကိုလံဘီယာလက်ရွေးစင်နောက်ခံလူဟောင်း အော်ဆိုရီယိုသည် မူးယစ်ဆေးဖြန့်ဖြူးရောင်းချမှုဖြင့် အရေးယူခံခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
