ဗာဒီသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်းအသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲတွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကစားရန် ကြိုးပမ်းသော်လည်း နာကျင်နေသဖြင့် ပထမပိုင်းမပြီးခင် ၄၃ မိနစ် မှာပင် လူစားလဲခဲ့ရသည်။
လက်စတာအသင်း ၀ါရင့်တိုက်စစ်မှူး ဗာဒီ၏ဒဏ်ရာအခြေအနေမှာ မျှော်မှန်းထားသလောက် ပြင်းထန်မှုမရှိကြောင်း နည်းပြ ဘရန်ဒန်ရော်ဂျာက အတည်ပြုပြောကြားခဲ့သည်။
ဗာဒီသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်းအသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲတွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကစားရန် ကြိုးပမ်းသော်လည်း နာကျင်နေသဖြင့် ပထမပိုင်းမပြီးခင် ၄၃ မိနစ် မှာပင် လူစားလဲခဲ့ရသည်။
၎င်းအနေဖြင့် တံကောက်ကြောထိခိုက်မိခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသော်လည်း အခြေအနေမှာ မျှော်မှန်းသလောက် ပြင်းထန်မှုမရှိကြောင်း ဘရန်ဒန်ရော်ဂျာက အတည်ပြုခဲ့ခြင်းဖြစ်သည်။
"ဗာဒီရဲ့ဒဏ်ရာက ကျွန်တော်တို့ ပထမထင်ထားသလောက် ပြင်းထန်မှုမရှိဘူးဆိုတာ သေချာပါတယ်။ ဒါက တံကောက်ကြောဒဏ်ရာမဟုတ်ပါဘူး။ တင်ပါးကြွက်သားထိခိုက်မိတာပါ။ ဒါကြောင့် အင်္ဂါနေ့ကစားမယ့်ပွဲ (ဗီလာနှင့် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့) မှာ သူပါဝင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ စောင့်ကြည့်ရဦးမှာပါ" ဟု ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
