MFF သည် ယခင်နည်းပြဟောင်း ဦးဝင်းသူမိုးကို သက်တမ်းမတိုးဘဲ လမ်းခွဲပြီးနောက်ပိုင်း နည်းပြသစ်တစ်ဦး ခန့်အပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသောကြောင့် ယခင်က အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေသည့် ဦးတင်မြင့်အောင်ကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ယာယီနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
MFF သည် ယခင်နည်းပြဟောင်း ဦးဝင်းသူမိုးကို သက်တမ်းမတိုးဘဲ လမ်းခွဲပြီးနောက်ပိုင်း နည်းပြသစ်တစ်ဦး ခန့်အပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသောကြောင့် ယခင်က အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေသည့် ဦးတင်မြင့်အောင်ကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
"လက်ရွေးစင် အမျိုးသမီးအသင်းအတွက် နည်းပြတစ်ဦး ငှားရမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေသေးပါဘူး။ လျှောက်ထားတဲ့သူတွေ၊ MFF က ရှာဖွေနေတဲ့သူတွေ ရှိပေမယ့် လက်ရှိအချိန်ထိ ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။ အမျိုးသမီးအသင်းကလည်း ဖေဖော်ဝါရီလဆန်းမှာ အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲကစားရမှာဖြစ်တာကြောင့် ယာယီနည်းပြချုပ်တစ်ဦး တာဝန်ပေးခဲ့တာပါ။ ဦးတင်မြင့်အောင်က အရင် နည်းပြဦးဝင်းသူမိုးလက်ထက်ကတည်းက အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေတာကြောင့် အမျိုးသမီးအသင်း အကြောင်းကို ကောင်းကောင်းသိတဲ့ သူပါ။ ဒါကြောင့် ယာယီနည်းပြချုပ် အဖြစ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အိုလံပစ်ခြေစစ်ပွဲမတိုင်ခင် နည်းပြသစ်လည်း ခန့်အပ်ဖို့ အဆင်မပြေနိုင်တာကြောင့် ဦးတင်မြင့်အောင်ပဲ တာဝန်ယူကိုင်တွယ်သွားမှာပါ"ဟု MFF နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။
ဦးတင်မြင့်အောင်သည် မနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်း နှင့် ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ခြေစစ်ပွဲ ကစားမည့် အပြီးသတ်လူစာရင်းကို ဇန်နဝါရီ ၂၈ ရက်တွင် ကစားမည့် ဒုတိယခြေစမ်းပွဲအပြီးတွင် ရွေးချယ်မည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်နေပြီး ခြောက်ဦး လျှော့ချရမည်ဖြစ်သည်။ ဦးတင်မြင့်အောင်သည် ၂၀၁၀ ပြည့်နှစ်တွင်လည်း မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၏ နည်းပြချုပ်အဖြစ် ကာလတို တာဝန်ယူဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
