အစောပိုင်းတွင် အင်တာမီလန်အသင်းက ယူရို ၁၀ သန်း ဖြင့်သာ ကမ်းလှမ်းသော်လည်း စပါးအသင်းက ယူရိုသန်း ၂၀ တောင်းဆိုသဖြင့် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနှင့် add-ons ကြေး ယူရိုငါးသန်း၊ စုစုပေါင်း ယူရိုသန်း ၂၀ ဖြင့် တိုးမြှင့်ကမ်းလှမ်းရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၆ ဒသမ ၈ သန်းနှင့် တစ်ပတ်လစာ ပေါင် ၃၂၀၀၀၀ ပေးချေမည် ဖြစ်ပြီး တနင်္လာနေ့ (ဇန်နဝါရီ ၂၇ ရက်) တွင် တရားဝင်မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း အီတလီနိုင်ငံထုတ် Gazzetta dello Sport သတင်းစာက ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းသည် စပါး အသင်းနှင့် စာချုပ်သက်တမ်းခြောက်လသာ ကျန်ရှိတော့သည့် ဒိန်းမတ်လက်ရွေးစင် ကစားသမား အဲရစ်ဆင်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပြီး ဆေးစစ်မှုခံယူရန်အတွက် လာမည့်တစ်ပတ် အစောပိုင်းရက်တွင် မီလန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်း Sky Sport Italia နှင့် The Guardian သတင်း ဌာနတို့ကလည်း ဖော်ပြခဲ့သည်။ အစောပိုင်းတွင် အင်တာမီလန်အသင်းက ယူရို ၁၀ သန်း ဖြင့်သာ ကမ်းလှမ်းသော်လည်း စပါးအသင်းက ယူရိုသန်း ၂၀ တောင်းဆိုသဖြင့် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနှင့် add-ons ကြေး ယူရိုငါးသန်း၊ စုစုပေါင်း ယူရိုသန်း ၂၀ ဖြင့် တိုးမြှင့်ကမ်းလှမ်းရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Sky Sport Italia သတင်းဌာနကမူ ပြောင်းရွှေ့ကြေး အတွက် ကလပ်နှစ်သင်းအကြား သဘော တူညီမှုမရသေးသော်လည်း ယူရိုသန်း ၂၀ (ပေါင် ၁၆ ဒသမ ၈ သန်း) ဖြင့် အပြီးသတ် သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း၊ အဲရစ်ဆင်အနေဖြင့် စပါးအသင်း၌ရရှိနေသည့်လစာထက် သုံးဆအထိရရှိမည်ဖြစ်ပြီး အခြေခံတစ်ပတ်လစာ ပေါင် ၂၆၀၀၀၀ နှင့် ဆုကြေးများပါဝင်ပါက ပေါင် ၃၂၀၀၀၀ အထိရရှိနိုင်ကြောင်း ဖော်ပြသည်။ Gazzetta dello Sport သတင်းစာကလည်း အင်တာမီလန်အသင်းသည် တနင်္လာနေ့တွင် အဲရစ်ဆင်နှင့် တရားဝင်မိတ်ဆက်ပွဲပြုလုပ်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိသည့် လေး နှစ်ခွဲစာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဖော်ပြသည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် အဲရစ်ဆင်သည် စပါးအသင်းအတွက် ခြောက်ရာသီခွဲ ကာလအတွင်း ပြိုင်ပွဲစုံ ၃၀၄ ပွဲကစား ၆၉ ဂိုး သွင်းယူပေးထားပြီး ဆုဖလားအောင်မြင်မှု မရဖူးဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် လိဂ်ဖလား ဗိုလ်လုပွဲ တစ်ကြိမ်စီသာ တက်ရောက်နိုင်ခဲ့သည်။ ၎င်းသည် ယခုဇန်နဝါရီကာလတွင် အင်တာမီလန်အသင်းအတွက် တတိယမြောက် ခေါ်ယူမှုဖြစ်လာနိုင်ပြီး မန်ယူအသင်း နောက်ခံလူ အက်ရှ်လေယန်းနှင့် ချယ်လ်ဆီး အသင်း တောင်ပံကစားသမား မိုဆက်စ်တို့ကို ခေါ်ယူထားပြီးဖြစ်သည်။
အင်တာမီလန်အသင်းနည်းပြ ကွန်တီသည် ပရီးမီးယားလိဂ်မှ ကစားသမားများကို ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်ပြီး နွေရာသီတွင်လည်း မန်ယူအသင်း တိုက်စစ်မှူး လူကာကူကို ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူခဲ့သလို အလက်ဆစ်ဆန်းချက်ဇ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
