ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က စပိန်ဘောလုံးလောကတွင် လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှုများ လျော့ကျလာပြီး မိမိတို့အနေဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း စပိန်ဘောလုံးလောကတွင် လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှု ပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်မှာ လူမျိုးရေးခွဲခြားခံရဆုံး ကစားသမားဖြစ်ခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ပြိုင်ဘက်အသင်းပရိသတ်အချို့၏လူမျိုးရေး ခွဲခြားခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။
လက်ရှိ ၂၀၂၄ ခုနှစ်အတွင်းတွင်မူ စပိန်ဘောလုံးလောကတွင် လူမျိုးရေး ခွဲခြားသည့်ပရိသတ်များကို အရေးယူ၊ အပြစ်ပေးမှုများ ပြုလုပ်လာခဲ့သည်။
ယခုအခါ ဗင်နီစီယပ်စ်က ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် စပိန်ဘောလုံးလောက၏ လူမျိုးရေးခွဲခြားမှုများအကြောင်း ပြောကြားခဲ့ပြီး စပိန်အစိုးရ၏ ကိုင်တွယ်ပုံကို သဘောကျကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်က '' နောက်ဆုံး (၃) လအတွင်း လူမျိုးရေးခွဲခြားတဲ့ ပရိသတ် (၃)၊ (၄) ယောက်လောက်ကို ကျွန်တော်တို့ ထောင်ထဲ ထည့်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှ စပိန်ဘောလုံးလောကမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ အသားအရောင်ခွဲခြားမှုတွေကို အလျင်အမြန်လျှော့ချနိုင်မှာပါ။ လူမျိုးရေးခွဲခြားသူတွေ ရှိပေမဲ့ သူတို့ဟာ ကင်မရာတွေရှိနေတာကြောင့် မပြောရဲတော့ပါဘူး။ အဲဒါကြောင့် လူမျိုးရေးခွဲခြားမှုတွေ လျော့ကျလာပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ စပိန်မှာ ကျွန်တော့်အနေနဲ့ လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရပြီး အခုလည်း ခံစားနေတုန်းပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့နည်းလာပြီး လူတိုင်းက လူမျိုးရေးခွဲခြားမှုတွေ ပပျောက်အောင် ကြိုးစားနေကြပါတယ်''ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ဗင်နီစီယပ်စ်၏လူမျိုးရေးခွဲခြားမှု ပပျောက်ရေးကြိုးပမ်းမှုကို သဘောကျနေကြောင်း သိရသည်။
စပိန်အာဏာပိုင်များကလည်း လူမျိုးရေးခွဲခြားမှုများ ပပျောက်သွားရန် အလိုရှိနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
