အင်တာမိုင်ယာမီအသင်းနည်းပြဖြစ်သူ အာဂျင်တီးနားနိုင်ငံသား မာတီနိုသည် ရာထူးမှ နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မာတီနိုအနေဖြင့် ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု အင်တာမိုင်ယာမီအသင်း၏ သတင်းရင်းမြစ်တစ်ခုက AFP သို့ ပြောကြားခဲ့သည်။
မာတီနိုသည် ၂၀၂၃ ခုနှစ် ဇွန်လက အင်တာမိုင်ယာမီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး သူ၏လက်ထက်တွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်သည့် Leagues Cup အပြင် Supporters's Shield ကိုလည်း ရယူပေးခဲ့သည်။
ပြီးခဲ့သည့် မေဂျာလိဂ် Regular Season တွင် ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ရမှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သော်လည်း Playoffs ပထမအဆင့်တွင်ပင် အတ္တလန်တာယူနိုက်တက်အသင်းကို မထင်မှတ်ဘဲအရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
အင်တာမိုင်ယာမီအသင်းသည် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ခွင့်ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
