မန်ယူအသင်းသည် PSG အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး မူအာနီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားဖြင့် ခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းထွက်ပေါ်နေသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်ကို အစားထိုးခန့်အပ်ခဲ့ရသည်။
မန်ယူအသင်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွက် ငွေကြေးများစွာ အသုံးပြုဖွယ်မရှိသော်လည်း နည်းပြသစ် အာမိုရင်မ်အတွက် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းပေးရန် စီစဉ်နေကြောင်း သိရသည်။
ပြင်သစ်မီဒီယာများ၏ဖော်ပြမှုအရ မန်ယူအသင်းသည် ယခုအခါ PSG တိုက်စစ်မှူး မူအာနီအား အပြီးသတ်ခေါ်ယူခွင့် ပါဝင်သည့် အငှားစာချုပ်ဖြင့် ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ မူအာနီသည် ၂၀၂၃ နွေရာသီတွင် ဖရန့်ဖတ်အသင်းမှ PSG အသင်းသို့ Add-ons ကြေးများအပါအဝင် ယူရို (၈၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
၎င်းသည် PSG အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၅၂) ပွဲတွင် (၁၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
PSG နည်းပြ အန်နရီကေးသည် မူအာနီအား ကြိုက်နှစ်သက်ခြင်းမရှိသဖြင့် လာမည့် ဇန်နဝါရီတွင် ၎င်းအား အငှားချထားဖွယ်ရှိနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
