နျူကလီးယားလက်နက်ထုတ်သုံးနိုင်သည့် အခြေအနေများကို ပိုမိုလမ်းပွင့်သွားစေမည့် နျူကလီးယားဆိုင်ရာပေါ်လစီအပြောင်းအလဲများကို ရုရှားသမ္မတဗလာဒီမာပူတင်က နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြုလိုက်သည်။
ပြောင်းလဲလိုက်သည့်ပေါ်လစီအရ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ၏အားပေးမှုဖြင့် နျူကလီးယားလက်နက်မရှိသည့်နိုင်ငံတစ်ခုက ရုရှားကိုတိုက်ခိုက်လာပါက ပူးပေါင်းတိုက်ခိုက်မှုအဖြစ် သတ်မှတ်မည်ဖြစ်သည်။ပေါ်လစီအပြောင်းအလဲကို စက်တင်ဘာကတည်းက အဆိုပြုတင်ပြထားပြီး ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁၀၀၀ ပြည့် နိုဝင်ဘာ ၁၉ ရက်မှာမှ အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်ကထောက်ပံ့သည့် တာဝေးပစ်လက်နက်များဖြင့် ရုရှားကိုတိုက်ရန် ယူကရိန်းအား ဂျိုးဘိုင်ဒင်အစိုးရက ခွင့်ပြုလိုက်ပြီးနောက်တစ်နေ့တွင် ပူတင်က နျူပေါ်လစီကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
မစ်ဒိုင်းဒုံးများ ၊ ဒရုန်းများ ၊ လေယာဉ်များဖြင့် ရုရှားကို အကြီးအကျယ်တိုက်ခိုက်လာမည်ဆိုပါက နျူကလီးယားတုံ့ပြန်မှုဖြင့် တွေ့လိမ့်မည်ဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်နိုင်ငံက ရုရှားကိုရန်စတိုက်ခိုက်မည်ဆိုလျှင် တစ်ဖွဲ့လုံးက ရန်စမှုအဖြစ် ရုရှားကသတ်မှတ်မည်။
သမ္မတပူတင်သည် ယခင်ကတည်းက နျူကလီးယားလက်နက်ထုတ်သုံးမည့်ကိစ္စကို ခြိမ်းခြောက်ပြောလေ့ရှိပြီး ယင်းသို့ပြောခြင်းသည် ယူကရိန်းအား မဟာမိတ်နိုင်ငံများက ထပ်မံအကူအညီမပေးအောင် ဟန့်တားသည့်သဘော၊ နျူလက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယူကရိန်းအစိုးရက ဝေဖန်ခဲ့သည်။
သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့က ဘရာဇီးနိုင်ငံတွင်ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးညီလာခံ သတင်းစာရှင်းလင်းပွဲတွင် နျူကလီးယားစစ်ပွဲဖြစ်မလာအောင် အလုံးစုံကြိုးပမ်းကြရေးကို ရုရှားနိုင်ငံကအလေးအနက်ထောက်ခံကြောင်း ၊ ဂျီ၂၀ လက်မှတ်ထိုးထားသည့် ကြေညာချက်တွင် ရုရှားဘက်က နျူကလီးယားလက်နက်ကင်းစင်သည့်ကမ္ဘာသို့ ဦးတည်သွားလိုသည်ကို ရှင်းရှင်းလင်းလင်းပြောထားကြောင်း ပြောကြားသည်။ ပေါ်လစီအပြောင်းအလဲကို နိုင်ငံတကာက အလေးထားသဘောပေါက်ရန်လိုသည်ဟုလည်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဒီမစ်ထရီ ပက်စကော့ဗ်ကပြောသည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
