ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ရှိ အမေရိကန်သံရုံးသည် နိုဝင်ဘာ ၂၀ ရက်တွင် လေကြောင်းတိုက်ခိုက်ခံရမည့်အလားအလာရှိကြောင်း သတင်းရရှိခဲ့သဖြင့် ထိုသံရုံးကို ပိတ်မည်ဟု အမေရိကန်ကောင်စစ်ဝန်ရေးရာဌာနက ပြောကြားခဲ့သည်။
သတိပေးချက်များ အများအပြားရရှိခဲ့သဖြင့် သံရုံးကို ပိတ်သွားမည်ဖြစ်ပြီး သံရုံးဝန်ထမ်းများကို ဘေးလွတ်ရာနေရာတွင် ခိုလှုံနေထိုင်ရန် ညွှန်ကြားထားကြောင်း ကိယက်ဗ်မြို့တော်ရှိ အမေရိကန်သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့ပြင် လေကြောင်းစီးနင်းတိုက်ခိုက်ခံရသည့် သတိပေးချက်ကြေညာသည့်အချိန်တွင် ယူကရိန်းရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် ချက်ချင်း ဘေးကင်းလုံခြုံသည့်နေရာများတွင် ခိုလှုံကြရန်လည်း သံရုံးဝက်ဘ်ဆိုက်တွင် ညွှန်ကြားခဲ့သည်။
အမေရိကန်က ယူကရိန်းအား ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ATACMS ဒုံးကျည်များအသုံးပြုပြီး တိုက်ခိုက်ခွင့်ပြုခဲ့ပြီးနောက် ၁ ရက်အကြာတွင် ထိုသတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
