စီးပွားရေးလုပ်ငန်းရှင်များ အများစုပါဝင်ပြီး လေးနိုင်ငံဖြတ်ကျော် လည်ပတ်လာသော တရုတ်နိုင်ငံသား ၁၂၀ ကျော်သည် ကိုယ်ပိုင်မော်တော်ယာဉ် ၄၅ စီးဖြင့် မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို ့ဒီဇင်ဘာ ၈ ရက်က ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Cosmopolition Travel Service Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံသား MR. Bai Bolin အပါအဝင် စုစုပေါင်း ဧည့်သည် ၁၂၀ သည် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း စသော လေးနိုင်ငံ ဖြတ်ကျော်ခရီးသွားလာ လည်ပတ်လာခဲ့ကာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၈ ရက်က ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသားများအနက် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကာ ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများအား လေ့လာကြမည်ဖြစ်ကြောင်းနှင့် မြန်မာ့ယဉ်ကျေးမှု အနုလက်ရာထွန်းကားသော ပုဂံနှင့် သဘာဝအလှအပများကို လေ့လာကြည့်ရှုခံစားနိုင်ရန် မန္တလေးမြို့သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
မြဝတီခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောကြည်ကြည်က ပြည်တွင်းသို့ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ ပုဂံ၊ မန္တလေးမြို့များသို့ အဓိက သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားများအနက် ဂျပန်နိုင်ငံသားတစ်ဦးပါဝင်သည့် ခရီးသွားအဖွဲ့သည် မြဝတီ- ရန်ကုန်- နေပြည်တော်- ပုဂံ - မန္တလေး- နန့်စန် -ကျိုင်းတုံ -တာချီလိတ်မြို့များသို ့သွားရောက်လည်ပတ်ပြီး ၁၇- ၁၂- ၂၀၁၉ ရက်တွင် တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာ ခရီးသွားမြှင့်တင်ရေးအဖွဲ့ဝင်ဖြစ်သူ ဦးကျော်ဝင်းက အဆင့်မီသော တရုတ်နိုင်ငံသား ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း ပြောကြားသည်။
မြဝတီနယ်စပ်အား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်အဖြစ် ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဗီဇာလျှောက်ထားမှုကို Online ကပါ လျှောက်ထားနိုင်ပြီဖြစ်၍ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ ယခင်နှစ်များကထက် ပိုမိုမြင့်တက်လာကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
