ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသတွင် ဒီဇင်ဘာ ၇ ရက် ည ၈ နာရီခန့်တွင် တောင်ပေါ်ရပ်ကွက်အနီးရှိ ခဲကျင်းပြိုကျမှု ဖြစ်ပွားပြီး ၂၅ နှစ်အရွယ် လူငယ်တစ်ဦးသေ ဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“ဒီရက် ဟုတ်တယ်။ ဒီဇင်ဘာ ၈ ရက် အလောင်းစပေါ်တော့ ကျွန်တော်ရောက်သွားတယ်၊ နံနက် ၁၁ နာရီကျော် ၁၂ နာရီ လောက်ရှိမယ်ဗျ။ ကျွန်တော်ဖုန်းနဲ့ရိုက်တော့ မရိုက်နဲ့ဖျက်ပစ်ဆိုပြီး အကုန်ဖျက်ခိုင်းတယ်။ ဒါနဲ့သူတို့ရှေ့မှာပဲ အကုန်ဖျက်ပစ်ရတယ်။ ကုမ္ပဏီကလူတွေကော သူတို့လူတွေကော အကုန်ပဲဖျက်ခိုင်းတာ” ဟု အခင်းဖြစ်နေရာသို့သွားရောက်သော ကရင်လူငယ်အဖွဲ့မှအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခွဲကျော် တွင် တောင်ပေါ်ရပ်ကွက် အနောက်ကျောက်ကြားရှိ ကျင်းပိုင်ရှင် ဦးစိုးသန်း၏ကျင်းမှ အလုပ်သမားများ မြေစာကျုံးနေစဉ် အောက်သို့ ကကျွံကျမှုဖြစ်ပွားသောကြောင့် အလုပ်သမား ကိုသန်းတိုးအောင် (၂၅ နှစ်)မှာ မြေစာ များနှင့်အတူ ကျွံကျသွားပြီး ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် အလောင်းအား ပြန်လည်တူးဖော်ရရှိကြောင်း အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှုးတစ်ဦးထံမှ သိရသည်။
သေဆုံးသူမှာ နတ်မောက်မြို့နယ်မှ လာရောက် အလုပ်လုပ်သူ အလုပ်သမားတစ်ဦး ဖြစ်ပြီး ခဲကျင်းအတွင်း ပေ ၃၀၀ ခန့်၌ ကျင်း ယာဘက်ခြမ်းမြေစာကျုံးနေစဉ် ပြိုကျသဖြင့် မြေစာများနှင့်အတူ ပါသွားခြင်းဖြစ်ကြောင်း သိရသည်။
“အခုပဲ ကျင်းဦးစီးတွေနဲ့တွေ့နေလို့ မေးနေတာ။ ပြိုတဲ့ကျင်းက လေးအိမ်စုအရှေ့ ဘက်ကမ်းပါးယံက ကျင်း၊ ဦးစိုးကျင်းတဲ့။ သေတဲ့ကလေးက သန်းတိုးအောင်တဲ့ ဗမာပြည်က ကလေးပဲတဲ့။ သူ့မှာ မိန်းမနဲ့ကလေး ပေါက်စလေးကျန်ခဲ့တယ်။ ကျင်းကကျွံကျ တာလို့သိရတယ်” ဟု ပပွာကလူကရင်လူမှုဖွံ့ဖြိုးရေးတိုးတက်ရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်မာဂရက်စိန်က ပြောကြားသည်။
မော်ချီးသတ္တုတွင်းဒေသသည် တောင်ပေါ်၊ ရတနာအောင်မြေ၊ အောင်ချမ်းသာရပ်ကွက်များတွင် အန္တရာယ်ဇုန်နေရာ ရှစ်နေရာသတ်မှတ်ထားပြီး သတိပေးစာတမ်းများ ကပ်၍ သတိပေးထားခြင်းများရှိကြောင်း သိရသည်။
“လုပ်ငန်းထဲမှာလေ မတော်တဆပေါ့။ အက်ဆီးဒင့်ပေါ့။ အဲဒါကလည်း သူတို့ရဲ့လုပ် ကွက်အဟောင်းပါပဲ။ ပြောမယ်ဆိုရင် လုပ်ကွက်ဟောင်းကနေ ကျွံကျတာပါ။ လုပ်ကွက် ဟောင်းက အောက်မှာ သူတို့က အပေါ်မှာ လုပ်တယ်လေ” ဟု ဖားဆောင်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
