မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာရှိ ဆီသိုလှောင်ရာ နေရာတစ်ခုတွင် ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ဆီသိုလှောင်ရာနေရာတွင် ၁၂ ဘီးယာဉ်ပေါ်မှ ဆီပေပါအတွင်းရှိ ဆီဖလှယ်ရာမှတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၄၀×၃၀ သံဖရိန်အဆောက်အဦတစ်လုံး၊ Samasurg အမျိုးအစား ၁၂ ယာဉ်တစ်စီးနှင့် အောက်တိန်းဆီပေပါ ၂၅ လုံး လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
မီးလောင်ရာသို့ level 3 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ် အစီး ၅၀ ၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ရေသယ်ယာဉ် ၅ စီး၊ သန္ဓေ တပ်ဖွဲ့ဝင် ၁၀၀၊ အရန် ၁၅၀ တို့ဖြင့် ငြှိမ်းသတ်ခဲ့ရကာ မီးသတ်ရာတွင် Foam 200 gl ကို အသုံးပြု ငြိှမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာရရှိသူနှစ်ဦးတွင် တစ်ဦးမှာ စိုးရိမ်ရကြောင်း သိရပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
