တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှုမရှိသော်လည်း ၁၄ လတာကာလအတွင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၅ ဘီလျံကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ကုန်သည်စက်မှုအသင်းချုပ်တွင် ဒီဇင်ဘာ ၈ ရက်က ပြုလုပ် သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ (၃၁) ကြိမ် မြောက် တွေ့ဆုံပွဲ အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
“တရားမဝင်ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစည်းအဝေး စလုပ်ပြီးတော့ ဒုတိယအကြိမ်၊ တတိယအကြိမ် လောက်မှာပဲ ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား တရားမဝင်ကုန်သွယ်မှုတွေ ဝင်လာနေ ရင် အဲဒီဟာတွေကို မယှဉ်နိုင်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့ တင်ပြလာတာရှိပါတယ်။ ကျွန်တော်တို့ လည်း အဲဒီအချိန်ကစပြီး နယ်စပ်ဒေသနဲ့ ဆိုင်တဲ့ တိုင်းဒေသကြီး/ပြည်နယ်ကိုးခုမှာ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအထူးအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ထိထိရောက်ရောက်လုပ်နိုင်သလားဆိုရင် ထိထိရောက်ရောက်လည်းမလုပ် နိုင်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့၊ တစ်ဖက်ကလည်း ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတာ။ အဲဒီဟာမျိုး ဆောင်ရွက်နိုင်မှ တချို့ထိန်းချုပ်နိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က ရသလောက် အခုနက ပြော တဲ့ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီး ပြည်နယ် ကိုးခုမှာ ထိထိရောက်ရောက်လုပ်ပေးပါဆို ပြီးတော့ ညွှန်ကြားထားတာတွေတော့ ရှိပါ တယ်” ဟု ဒုတိယသမ္မတက ပြောကြားသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ ၁၄ လအတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေး ဆောင်ရွက်ရာမှ ကျပ် ၁၅ ဘီလျံကျော်ဖိုးအ ထိ ဖမ်းမိခဲ့သော်လည်း ထိုသို့ ဖမ်းဆီးနိုင်မှု ပမာဏမှာ နည်းပါးနေဆဲသာဖြစ်ကြောင်း ဒုတိယသမ္မတဦး မြင့်ဆွေကဆိုသည်။
“၂၀၁၈ စက်တင်ဘာကနေ ၂၀၁၉ အောက်တိုဘာ ၁၄ လအတွင်း ဖမ်းဆီးအရေးနိုင်မှုက ၁၀၆၅ ကြိမ်၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၅ ဘီလျံကျော် ဖမ်းဆီးနိုင်ခဲ့တဲ့အနေအထားဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ပြော ကြားသည်။
၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အခြေအနေအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင်ရပ်တည်နေ ကြောင်းနှင့် မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု ညွှန်းကိန်းများ မြင့်တက်လာကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေ က ပြောကြားသည်။
ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေအညွှန်းကိန်းကို အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ စသည့် အညွှန်းကိန်းလေးခုဖြင့် တိုင်းတာပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအခြေအနေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံ အနက် ၈၂ နေရာတွင် ရပ်တည်နေပြီး ရမှတ်မှာ ၂၃ မှတ်သာရရှိသည်ကို တွေ့ရကြောင်း တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ The Economist Intelligence Unit က ထုတ်ပြန်ခဲ့သည့် အညွန်းအပေါ်ကိုးကား၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခြင်းဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့များ ထိထိရောက်ရောက်မလုပ်ဆောင်နိုင်သဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ပြီး တင်းတင်းကျပ်ကျပ်တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားထားသည်။
“အထူးအဖွဲ့တွေက အနည်းငယ်ပဲ ထိရောက်ပြီး ထိရောက်သင့်သလောက် မထိရောက်တာကို သဘောပေါက်သွားပါတယ်။ ရှေ့လျှောက်ပြီးတော့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဦးဆောင်ကော်မ တီလည်း ဖွဲ့ပြီးဖြစ်တဲ့အတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို တင်းတင်း ကျပ်ကျပ် ထိရောက်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ဆက်လက် ပြောကြားသည်။
တရားမဝင်ကုန်စည်တင်သွင်းမှုများကို တားဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထူးအဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီးခဲ့သော်လည်း အားမရစရာအခြေအနေဖြစ်နေကြောင်းနှင့် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်လလုံးတွင် တစ်မှုပင် ဖမ်းဆီးရမိမှုမရှိသည့် အခြေအနေဖြစ် နေကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားထားသည်။
“တရားမဝင်ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ တော်တော်များများကတော့ အခုအချိန်အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ လုပ်တော့လုပ်ခိုင်းနေတာပဲ။ လူကြီးတွေလည်း အားမရဘူး။ လူကြီးတွေကလည်း မှတ်ချက်တွေ အမြဲတမ်းပေးနေတာ။ တချို့ဒေသတွေ၊ တချို့တိုင်းဒေသကြီးတွေ၊ တချို့ပြည်နယ်တွေမှာ ဖမ်းဆီးရမိမှုက တစ်လလုံးနေလို့ တစ်ခုတောင်မှ မရှိဘူး။ ဒါကိုလည်း မှတ်ချက်တွေ ပေးနေတာ။ ဒါမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ရှိပြီးတော့ မဖမ်းတာမျိုးမဖြစ်ရအောင်၊ တစ်ဖက်မှာလည်း လုံ ခြုံရေးပိုင်းတွေ ပါမှာပေါ့” ဟု ဦးမြင့်ဆွေက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
