မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို မန္တလေးမြို့၊ ချမ်းမြသာစည် လေဆိပ်တွင် ဒီဇင်ဘာ ၈ ရက် နံနက် ၆ နာရီအချိန်တွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ-ထိုင်း ချစ်ကြည်ရေး မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံ၊ ဓမ္မကာယ ဖောင်ဒေးရှင်းတို့ပူးပေါင်း ကျင်းပပြုလုပ်သော သံဃာတော်အပါး(၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲဖြစ်ပြီး မန္တလေးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
"ဒီပွဲကြီး အခုလို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ မန္တလေးမြို့ရဲ့ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုဖြစ်သလို အားလုံးရဲ့ ညီညွတ်မှု စွမ်းအားရဲ့ အသီးအပွင့်လည်းဖြစ်ပါတယ်။ ဒီပွဲကြီး အခုလို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကျွန်တော်အဖွဲ့ဟာသုံးလကျော် ကာလတစ်ခုကို ညီညွတ်စွာနဲ့ မမောမပမ်းနိုင်အောင် တစ်ဆက်တည်းဆောင်ရွက်ခဲ့ကြတဲ့ မှတ်တမ်းဟာလည်း ကျွန်တော်အားလုံး ဘဝတစ်သက်တာမှတ်တမ်းဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို တက်ရောက်ပြီး သံဃာအပါး(၃၀၀၀၀)ရဲ့ ပရိတ်ရွတ်ဖတ်သံကိုလည်း နာကြားခဲ့ကြရုံသာမက သံဃာတော်များအား မိမိတို့စွမ်းအားရှိသလောက် ပါဝင်လှူဒါန်းခဲ့ကြသည့် ကုသိုလ်ရှင်များ ရုပ်မြင်သံကြားမှ ကြည့်ရှုကုသိုလ်သဒ္ဓါတရားဖြစ်ပွားနေကြသော ကုသိုလ်ရှင်များအပါအဝင် မြန်မာနိုင်ငံအားလုံး သံဃာအပါး(၃၀၀၀၀)ရွတ်ဖတ် သရဇ္ဈယ်သော ပရိတ်တရား၏တန်ခိုးတော်ကြောင့် ချမ်းမြသာစည်ဆိုတဲ့အတိုင်း ချမ်းမြရုံသာမက မြန်မာပြည်တစ်ပြည်လုံး သာယာ စည်ဗြောသော အနာဂတ်ကို ရရှိပြီပိုင်ဆိုင်နိုင်ကြမယ်လို့ယုံကြည်မိပါတယ်"ဟု သံဃာတော်အပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။
သံဃာအပါး သုံးသောင်းကို တစ်ပါးလျှင် သုံးသောင်းကျပ် နဝကမ္မလှူဒါန်းခြင်း၊ ဆွမ်းလှူခြင်း ၊ အများပြည်သူ လာရောက်လောင်းလှူခြင်း၊ သံဃာတော်များနှင့် အပ်စပ်သည့် မပုပ်မသိုး နိုင်သည့်အစားအစာ ပစ္စည်းမျိုး နဝကမ္မကစပြီး ကိုယ်စိတ်တိုင်းကျ လောင်းလှူကြကြောင်း သိရသည်။
ပွဲ၏ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာ၏ အလှူပေးခြင်းအစဉ်အလာကိုအမွေခံရန်၊ နှစ်နိုင်ငံအကြား သံဃာတော်များနှင့်ဗုဒ္ဓဘာသာဝင်များအကြား ဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်၊ မန္တလေးရှိသံဃာတော်များနှင့်အတွေ့အကြုံရင့်ကျက်သူများ၏ ပညာရေးကိုထောက်ပံ့ရန်နှင့် အာဆီယံရှိ သံဃာတော်များအား ပိုမိုခိုင်မာစေရန်ဖြစ်သည်။
မြန်မာ - ထိုင်း ပူးပေါင်းကာ ဆွမ်းလောင်းလှူပွဲကို ပထမအကြိမ် ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂ဝရက်နေ့ ၁၂လမ်းနှင့် ၆၆လမ်းထောင့် မန္တလေးတောင်ခြေတွင် သံဃာအပါး (၁၀၀၀၀)ဆွမ်းလောင်းပွဲ၊ ဒုတိယအကြိမ် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ ရန်ကုန်-မန္တလေးလမ်း၊ သိပ္ပံလမ်းနှင့် မြဝတီမင်းကြီးလမ်းကြားရှိ ချမ်းမြသာစည် လေဆိပ်တွင် သံဃာအပါး (၂၀၀၀၀) ဆွမ်းလောင်းပွဲ ကျင်းပခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
